𝐂𝐡𝐚𝐩𝐭𝐞𝐫 (38) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

7.2K 931 32
                                    

⭐unicode⭐

"အားတော့အားနာပေမဲ့ ကျေးဇူးပါဖေဖေ။အရင်းအနှီးကိုတော့ ကျွန်တော်သေချာပေါက်ပြန်ဆပ်ပါ့မယ်"

နေ့လည်စာစားပြီးသည်နှင့် ဖေဖေ့ဆီမှ ဖုန်းဝင်လာခြင်းဖြစ်သည်။

ဧည့်ခန်းက မှန်ပြတင်းတံခါးကိုဖွင့်ပြီး အပြင်ဖက်မှ ရှုခင်းကိုငေးကာ ဖေဖေနှင့်စကားတွေပြောနေသည်မှာ ၁၅မိနစ်လောက်ပင်ရှိတော့မည်။

ဖေဖေက ရွာမှ ဘွားလေး၏ကွမ်းခြံနှင့် ဒူးရင်းခြံတွေမှာ အရင်းအနှီးတချို့ထည့်ပေးမည်ပြောသည်။

ဖေဖေတစ်ယောက် ကိုယ့်သားအကြောင်းကို ခရေစေ့တွင်းကျသိသူပီပီ နယ်မြေစိမ်းမှာ အလုပ်အကိုင်အတည်တကျ ရှာဖွေတတ်မည်မဟုတ်ဆိုသည်ကို သိနေခြင်းဖြစ်မည်။

ဘွားလေးလည်း ကွမ်းခြံတွေအတွက် အလုပ်သမားငှားရ၊မြေသြဇာဝယ်ရသည်မို့ ငွေအလုံအလောက်မရှိကာ တစ်ဖက်တစ်လမ်းက လှည့်ပတ်ပြီးချေးနေရသည်မို့ ဒီသတင်းကြားရင် သေချာပေါက်ဝမ်းသာလိမ့်မည်ထင်သည်။

အုပ်စိုးလည်းအဆင်ပြေ ဘွားလေးလည်း ချောင်လည်သွားမည်ဆိုတော့ win-win situation ပေါ့။

ဖေဖေနှင့်စကားတွေတပြောပြောလုပ်နေစဥ်မှာပင်အနောက်ဖက်မှာနေ၍ တစ်စုံတစ်ယောက်၏ ဖွဖွကလေးသိုင်းဖက်ခြင်းကို ခံလိုက်ရသည်။

မည်သူမည်ဝါဆိုသည်ကို လှည့်ကြည့်စရာပင်မလိုသည်မို့ ဝမ်းဗိုက်ပေါ်တွင် နှောင်တွယ်ထားသော အကြောပြိုင်းပြိုင်းထနေသည့် လက်ဖဝါးကြီးတွေကို ဖုန်းမကိုင်ထားသော လက်တစ်ဖက်ဖြင့် အသာအုပ်မိုးထားလိုက်သည်။

ခဏကြာတော့ အနောက်မှ အချွဲကလေးသည် အုပ်စိုး ပုခုံးပေါ်ခေါင်းမှီလာကာ ဖုန်းခေါ်ဆိုသူကိုသိလိုဟန်ဖြင့် ဖုန်းအနားကပ်ကာ နားတစွင့်စွင့်လုပ်နေသည်မို့"ဖေဖေ့ဆီက"လို့ ပါးစပ်ကလေးလှုပ်ရုံပြောပြလိုက်ရသေးသည်။

အဲ့လိုဆိုမှ နီညိုရောင်နှုတ်ခမ်းထူထူလေးတစ်စုံအနည်းငယ်ဟကာ ခေါင်းတညိတ်ညိတ်လုပ်ပါသော ကောင်ကလေး။

ထိုအချိန်မှာမှ အချိန်ကိုက်ဆိုသလို ဖေဖေသည် "သုခရောနေကောင်းလား?" ဆိုပြီးမေးလာသည်။

Someone Ordinary🍁{Completed}Where stories live. Discover now