𝐂𝐡𝐚𝐩𝐭𝐞𝐫 (18) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

6.8K 1K 35
                                    

🌟unicode🌟

"ငြိမ်းစံ နှင်းနုရော"

မျက်မှောင်ကြီးကြုတ်ကာ ခပ်ဆတ်ဆတ်ထွက်ပေါ်လာသော အသံအနေအထားအရ အုပ်စိုးဒေါသထွက်နေသည်ကို သူမသိလိုက်ပြီ။

နှင်းနုတစ်ယောက် အုပ်စိုးကိုဘာတွေသွားကလိလိုက်ပြီလဲမသိပါ။

ငြိမ်းစံသည် ဘောကွင်းတစ်ခုကို ကိုင်ကာ ရေထဲဆင်းဖို့ ပြင်နေခြင်းဖြစ်သည်။

"အနှင်းနဲ့ဘုန်းခန့် စားသောက်ဆိုင်မှာ အုပ်စိုး ။စောနလေးကတင်ဝင်သွားကြတာ"

သူ့စကားဆုံးသည်နှင့် ချက်ချင်းလက်ငင်းပင် သူမညွှန်ပြရာ မလှမ်းမကမ်းရှိ ဝါးကြမ်းခင်းထားသော စားသောက်ဆိုင်ဆီသို့ အုပ်စိုးတစ်ယောက် ခြေလှမ်းကျဲတွေဖြင့် သွားလေပြီ။

ငြိမ်းစံလည်း ထိုသူငယ်ချင်းနှစ်ယောက်ရဲ့ မကြာမီဖြစ်လာမည့်ရန်ပွဲကို ဥပေက္ခာပြုကာ ကမ်းခြေဆီသို့သာ ခြေလှမ်းတွေကို ဦးတည်လိုက်သည်။

××××××××××××

"နှင်းနု!"

ဆိုင်ထဲသို့ ဆောင့်အောင့်ပြီးဝင်လာသော သူ့ကိုတွေ့သည်နှင့်တပြိုင်နက် ပါးစပ်ထဲဝင်လုနီးနီးဖြစ်သော ပုဇွန်တစ်ကောင်ပင် ပန်းကန်ထဲသို့ ပြုတ်ကျသွားပါသော နှင်းနု။

နောက်ပြီး သူ့အပြစ်သူသိတယ်နဲ့တူပါရဲ့။
တဟီးဟီးနှင့် သွားလာဖြဲပြနေသည်။

"သူငယ်ချင်း နေ့လည်စာစားတော့မလို့လား။လာလာထိုင်"

ပြောရင်းဆိုရင်း ထိုင်နေရာမှ ထလာပြီး အဝင်ပေါက်တွင် မတ်တပ်ရပ်နေပါသော သူ့ရဲ့လက်တွေကိုအတင်းဆွဲကာ ငါးကင်ကိုခေါင်းမဖော်တမ်းစားနေတဲ့ မောင်ခန့်နံဘေးတွင်ထိုင်စေသည်။
နောက်ပြီး သူ့ရဲ့ ဘယ်ဖက်ဘေးတွင်နေရာဝင်ယူပါသော နှင်းနု။

စားသောက်ဆိုင်လေးသည် တဲအိမ်လေးလိုပုံစံမျိုးဖြစ်ပြီး လေးဖက်လေးတန်လုံးကို ဘာမျှမကာထားပါဘဲ ဟာလာဟင်းလင်းသာ။

ကြမ်းခင်းကတော့ ဝါးကြမ်းခင်းဖြစ်ပြီး ခေါင်မိုးကိုတော့ သက်ကယ်မိုးထားသည်။

ဆိုင်အတွင်း သူတို့သုံးယောက်မှအပ မည်သူမျှမရှိ။ရှင်းလင်းနေသည်။
ကမ်းခြေလေးကိုက သိပ်မစည်ကားသေးသောကြောင့်ဖြစ်မည်။

Someone Ordinary🍁{Completed}Where stories live. Discover now