𝐂𝐡𝐚𝐩𝐭𝐞𝐫 (30) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

7.9K 1K 79
                                    

⭐unicode⭐

သုခရဲ့ဖုန်းကတစ်ဆင့် မိမိတို့ကို ဝဏအန္တရာယ်ပြုနေပြီးဆိုတာကို သိရခြင်းဖြစ်သည်ဟု ငြိမ်းစံက ပြောပြသည်။

သိလျှင်သိခြင်း ဘွားဘွားကြီးနှင့်တိုင်ပင်ကာ အလုပ်သမားဦးလေးကြီး ခြောက်ယောက်လောက်ကိုခေါ်ကာ သုံးဘီးတစ်စီးနှင့် messageထဲမှ လိပ်စာအတိုင်းလိုက်လာကြခြင်းဖြစ်သည်။

အသက်အန္တရာယ်အထိ ဒုက္ခမပေးလာသည်ကိုပဲ စိတ်အေးရပြီဟု ငြိမ်းစံကဆိုသည်။

သုံးဘီးပေါ်မှာ ကောင်လေးကိုသာ မျက်တောင်မခတ်စတမ်း ဂရုတစိုက်ဖြစ်နေသော အုပ်စိုးကို ဦးလေးကြီးတွေက အကဲခတ်ဟန် စူးစမ်းဟန်တွေဖြင့် ကြည့်နေကြသည်ကိုသိသော်လည်း အုပ်စိုး အာရုံထဲမထည့်မိပါ။

အခုချိန် အုပ်စိုးရဲ့ ဦးနှောက်နဲ့စိတ်အာရုံတွေထဲမှာ ကောင်လေးနာကျင်နေမည်စိုးတဲ့ စိတ်တစ်ခုထဲသာရှိသည်မို့။

အိမ်ပြန်ရောက်တော့ မိုးချုပ်ခါနီးပင်ဖြစ်နေပြီ။

အုပ်စိုးတစ်စုံတစ်ရာထိခိုက်မည်ကို စိုးရိမ်တကြီးဖြစ်နေကြသော ကြီးကြီး၊မောင်ခန့်နှင့်နှင်းနုက တစ်နေကုန် ဘွားဘွားကြီးနဲ့အတူ သူတို့ပြန်အလာကို စောင့်မျှော်နေကြသည်။

အုပ်စိုးကိုလည်းတွေ့ရော ကြီးကြီးက တစ်ကိုယ်လုံးကို လှည့်ပတ်ကာ အနာတရတစ်ခုခုဖြစ်ခဲ့သလားဆိုပြီး
ကြည့်ရှုစစ်ဆေးသည်။

တကယ်တမ်း သူ့ကြောင့်ထိခိုက်ခဲ့ရတာက ကောင်လေးရယ်ပါ။

ည၇နာရီလောက်ထိုးတော့ နှင်းနုနဲ့ကြီးကြီးတို့တစ်ဖက်အိမ်သို့ပြန်သွားလေပြီ။

အုပ်စိုးကိုလည်း နောက်တစ်ခါတစ်ယောက်တည်းဘယ်နေရာမှမလွှတ်တော့ဘူးဟု တဖွဖွပြောသွားသေးသည်။

အောက်ထပ်မှာတော့ ဘွားဘွားကြီးရယ်၊ငြိမ်းစံရယ်သည် ရပ်ကွက်လူကြီးအား ဒီနေ့မိမိတို့ကို အန္တရာယ်ပြုလာသည့် ဝဏအားတိုင်တန်းနေကြခြင်း။

မတွင်ကျယ်သော နယ်မြို့လေးမို့ ဝဏလို backgroundတောင့်သူသည် ငွေအားကိုးကာ အရင်ကတည်းက ထင်ရာစိုင်းပြီး မိုက်ချင်တိုင်းမိုက်နေခြင်းဖြစ်သည်။

Someone Ordinary🍁{Completed}Where stories live. Discover now