⭐unicode⭐
ရထားသံလမ်းတစ်ခုပေါ်တွင် ရထားလေးတစ်စီးသည်
မိုးသားထက်က တိမ်တိုက်ဖြူကလေးတွေနှင့်အပြိုင် တရွေ့ရွေ့ ရွေ့လျားနေသည်။မိုးပြာရောင် ကောင်းကင်ယံထက်ဝယ် ဝါဂွမ်းတွေကဲ့သို့ ဖြူလုံးလုံး တိမ်သားတွေက လှပစွာ ပြန့်ကျက်လို့။
ရထားပြတင်းပေါက်မှတစ်ဆင့် ဖြတ်ဝင်လာသော လေအေးသုန်သုန်သည် ပူလောင်သော နေ့လေးအဖို့
ကယ်တင်ရှင်ကြီးနှယ်။ရန်ကုန်မှ ဖခင်ဖြစ်သူသည် သူတို့နှစ်ယောက်အား အလည်လာစေချင်သည်ဟု နှစ်ရက်ခြားတစ်ခါလောက် လေလှိုင်းမှတဆင့်ပြောနေခြင်းကြောင့် ဖေဖေ့ ဆန္ဒအားဖြည့်ဆည်းပေးဖို့ရာ အကောင်အထည်ဖော်ရလေပြီ။
ပထမတော့ မှန်လုံကားနှင့်သွားဖို့ရာ စီစဥ်ထားသော်ငြား ချစ်ရသူကလေးသည် လှောင်ပိတ်နေသောကားထက် လေကောင်းလေသန့်ရသော ရထားနှင့်သာသွားချင်သည်မို့ အုပ်စိုးအခုရထားပေါ်တွင်ရှိနေခြင်းဖြစ်သည်။
ကပ်ရပ်ခုံယူထားသည်မို့ လမ်းခရီးတစ်လျှောက်လုံး ကောင်လေးရဲ့ ရင်ခွင်နွေးနွေးထဲသာ တိုးဝင်ပြီး ပြတင်းပေါက်မှတဆင့် တရိပ်ရိပ်ဖြတ်ပြေးလာသော လယ်ကွင်းကျယ်တွေ၊ပျဥ်ထောင်အိမ်ကလေးတွေ၊သစ်ပင်ကြီးတွေကို ငေးကြည့်နေမိသည်။
သဘာဝဆန်ဆန် လှပတဲ့ရှုခင်းလေးတွေကို တပိုင်းတစ
ဖမ်းဆီးနိုင်သည်မို့ ရထားနှင့်ခရီးသွားတာကို အနည်းငယ်သဘောခွေ့လာရသလို။ရထားသံ ဂျုံးဂျုံးဂျက်ဂျက်လေးရယ်၊တစ်ဘူတာဆိုက်တိုင်း အသင့်တက်ပါလာသောစျေးသည်တို့ရဲ့အသံဆာဆာကလေးတွေ။
အရင်ကတော့ ဒီလို ပွက်လောရိုက်တာမျိုးကို အုပ်စိုးသည်းခံနိုင်စွမ်းမရှိခဲ့ပေမဲ့၊တစ်ယောက်သောသူကတော့
ကားစီးတာထက် ရထားပေါ်မှာရှိနေရတာကို ပိုသက်တောင့်သက်တာဖြစ်နေဟန်ရသည်မို့ အုပ်စိုး နှစ်သက်ဖို့ကြိုးစားရမည်။အုပ်စိုးတို့နှင့်အတွဲတစ်ခုတည်းတွင် လိုက်ပါစီးနှင်းလာသော ခရီသည်များမှာ ဆယ်တန်းပြီးခါစ ကျောင်းသား၊ကျောင်းသူများဖြစ်ပုံရသည်။
![](https://img.wattpad.com/cover/269855599-288-k104798.jpg)
YOU ARE READING
Someone Ordinary🍁{Completed}
RomanceU are 'Someone Ordinary',yet the most precious person to me💫