𝐂𝐡𝐚𝐩𝐭𝐞𝐫 (9) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

8.6K 1.2K 179
                                    

⭐unicode⭐

"ကြီးကြီးရေ မီး မိငြိမ်းနဲ့ စျေးသွားမလို့။မှာစရာရှိလား"

"ဟင့်အင်း"

ကြီးကြီးတစ်ယောက် တီဗွီတွင်လာသော ကိုးရီးယားကားအား အကြည့်မလွှဲဘဲ ဖြေသည်။

တီဗွီကြီး၏အရှေ့တွင် တစ်ယောက်စတိုင်လ်တစ်မျိုးစီနှင့် လူသုံးယောက်ကို သူမစိတ်ညစ်နေဟန်ဖြင့်ကြည့်လိုက်မိသည်။

ကြီးကြီးကတော့ တင်ပျဥ်ခွေထိုင်နေပြီး တီဗွီစခရင်ထဲသို့ မျက်နှာဝင်လုမတတ် ကိုးရီးယားကားထဲတွင် အာရုံအလုံးစုံတို့ကို စုပြုံ၍ပို့ထားသည်။

ဘုန်းခန့်တစ်ကောင်ကတော့ ထိုင်နေသော ကြီးကြီးပေါင်ပေါ်တွင်ခေါင်းအုံးကာ ပက်လက်လန်အိပ်နေပြီး ဖုန်းပွတ်နေကာ ဇိမ်ကျနေသည်။

နောက်တစ်ယောက်ကတော့ ရုပ်ရှင်ကို ကြည့်ချင်သလို မကြည့်သလို မျက်နှာပေးဖြင့် ပျင်းရိပျင်းရွဲ ထိုင်နေသည့် ကိုယ်တော်အုပ်စိုးပိုင်။
မသိရင်ဖြင့် တစ်စုံတစ်​ယောက်က အတင်းဖိအားပေးထားလို့ မတတ်သာဘဲ ကြည့်နေရတဲ့ရုပ်မျိုး။

မဲ့ရွဲ့နေတဲ့ မျက်နှာနဲ့ သူမ သတိလက်လွတ်စိုက်ကြည့်နေတုန်းအချိန်မှာပဲ သူမရှိရာ အနောက်ဘက်သို့ ဗြုန်းစားကြီး လှည့်ကြည့်လာသော အုပ်စိုး။

သူမလည်း သူခိုးလူမိသွားသလို ချက်ချင်းပင် မျက်နှာပေးကို တစ်မျိုးပြောင်းလိုက်ပြီး စိတ်ထဲကမပါသော်ငြားလည်း သွားတွေဖြဲကာရယ်ပြလိုက်တော့ သကောင့်သားက သူမအား 'ဘာလဲ'ဆိုသည့်သဘောဖြင့်မေးဆတ်ပြသည်။

"ဟို နင့်ခြေထောက်တွေသက်သာသွားပြီလား?"

ကယောင်ကတမ်းနှင့် ပါးစပ်ကနေဘာတွေမေးလို့မေးလိုက်မှန်းမသိ။
မေးပြီးမှ လျှာရှည်တဲ့ကိုယ့်ပါးစပ်ကိုပြန်ရိုက်ချင်သွားတယ်။
သက်သာလို့ပေါ့ ဒီကောင် တစ်နေ့ကို ဆယ်ခေါက်လောက် ဟိုအိမ်၊သည်အိမ် ကူးချည်၊သန်းချည် လုပ်နိုင်နေတာ။

"အင်း။တစ်ပတ်တောင်ရှိပြီးလေ သက်သာပြီပေါ့"

ဒီကောင်ကတော့ သက်သာတယ်ဆိုရနေပြီကို။
အကန်တွေလာပြောနေတယ်။

Someone Ordinary🍁{Completed}Where stories live. Discover now