𝐂𝐡𝐚𝐩𝐭𝐞𝐫 (32) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

7.1K 969 40
                                    

⭐unicode⭐

"ဘွားဘွားကြီး"

"ဟေ"

အိမ်ပေါ်တွင်ပူသောကြောင့် ခရေပင်ကြီးအောက်က သစ်သားခုံတန်းပေါ်တွင်ထိုင်ကာ ဒေါ်မိခင်ရီတစ်ယောက် လမ်းသွားလမ်းလာတွေအား ကြည့်နေစဥ်ဘယ်အချိန်က နံဘေးကိုရောက်လာမှန်းမသိသောမိငြိမ်းတစ်ယောက်။

ဘေးနားတွင်ဝင်ထိုင်ကာ သူမအားပြောစရာတစ်စုံတစ်ရာရှိဟန် မျက်ဝန်းတွေဖြင့် အကဲတခတ်ခတ်လုပ်​နေသည်။

"ကဲ မိငြိမ်းရေ ညည်းပြောစရာရှိတာကိုပြော။ငါ့ တကြည့်ကြည့်လုပ်မနေနဲ့"

၃မိနစ်လောက်ကြာလာတော့ ဒေါ်မိခင်ရီလည်းစိတ်ကမရှည်ချင်တော့ပါ။
ဘယ့်နှယ့် မြေးအဘွားအချင်းချင်း ပြောဖို့မဝံ့ရဲတဲ့
အကြောင်းကိစ္စ ရှိသေးတယ်လား။အံ့သြဘ။

"ဟိုလေ ဘွားဘွားကြီး..ဟို"

ပေါင်ပေါ်ရှိ လက်ဖဝါးနှစ်ဖက်ကို အချင်းချင်းယှက်ကာ တလိမ်လိမ်လုပ်ပြီး ပြောစရာရှိတာကို ခပ်သွက်သွက်မပြောဘဲ တဟိုဟိုနဲ့ပေရှည်နေသော မြေးမကို ဒေါ်မိခင်ရီတစ်ယောက် စိတ်တိုကာလက်တွေပင်တယားယားဖြစ်လာပြီ။

"ညည်းအခုပြောမလား။ငါ့လက်စာမိချင်လား?"

စူးရဲ့အကြည့်တွေပို့လွှတ်ကာ ခပ်ဆတ်ဆတ်ပြောလိုက်တော့ မိငြိမ်းတစ်ယောက်ဇက်လေးပုသွားသည်။

"ပြောမယ်ဘွားဘွားကြီး။ဟိုတာလေ ယောကျာ်းလေးအချင်းချင်း မေတ္တာရှိတာကို ဘယ်လိုမြင်လဲဟင်?"

ငြိမ်းစံ ဒီကိုမလာခင်တည်းက ရွာမှာနေစဥ်အတောအတွင်း မောင်လေးဖြစ်သူနှင့်အုပ်စိုးတို့အတွက် ဘွားဘွားကြီးကိုတဖြည်းဖြည်းချင်းနားချကာ သိမ်းသွင်းဖို့ရာဆုံးဖြတ်ထားသည်။

သူမကခေတ်လူငယ်တစ်ယောက်ပေမို့ အမျိုးသားနှစ်ဦး၊အမျိုးသမီးနှစ်ဦး ချစ်ခင်စုံမက်ကြခြင်းကို မနှစ်မြို့ခြင်း တစ်စုံတစ်ရာမရှိပေမဲ့လို့ ဘွားဘွားကြီးလိုယခုခေတ်ကာလနှင့် အင်မတန်အလှမ်းဝေးသူကတော့ မောင်လေးတို့အကြောင်း သိသာသွားပါကကန့်ကွက်ခြင်းတွေဘာတွေသေချာပေါက်ရှိလာနိုင်သည်။

Someone Ordinary🍁{Completed}Where stories live. Discover now