𝐂𝐡𝐚𝐩𝐭𝐞𝐫 (5) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

9K 1.1K 15
                                    

⭐unicode⭐

[မှတ်ချက်* မင်းသုခsign languageကိုသုံးပြီးပြောတဲ့အခါဆို မျက်တောင်အဖွင့်အပိတ်တစ်ခုတည်း('.....') ကိုသုံးပါမည်]

"ဟို ဒကာလေးနှစ်ယောက် ပျင်းနေကြပြီးထင်တယ်"

ဘုန်းဘုန်းနှင့် ငြိမ်းစံတို့ ဟိုအကြောင်း၊သည်အကြောင်းပြောနေတာ အချိန်တော်တော်ကုန်လွန်နေခဲ့ပြီဖြစ်သောကြောင့် ဘုန်းဘုန်းက မောင်ခန့်နှင့်သူ့ကို အားနာနေပုံ​ရသည်။

"ဟုတ်သားပဲ။ ဘုန်းခန့်နဲ့အုပ်စိုး ဟိုနား၊ဒီနားလျှောက်ကြည့်ချင်ရင် လျှောက်ကြည့်လို့ရတယ်လေ"

ငြိမ်းစံက အနောက်တွင်ရှိသော သူတို့နှစ်ယောက်အား လှည့်ကြည့်ကာဆိုသည်။

"ဒါဆို ငြိမ်းစံ ကျွန်တော်တို့ ရှုခင်းတွေကို ဓာတ်ပုံခဏ
လောက်သွားရိုက်မယ်နော်"

ငြိမ်းစံ၏စကားဆုံးသည်နှင့် ဘယ်အချိန်ကတည်းက ထွက်သွားဖို့အခွင့်အရေးကို ချောင်းနေမှန်းမသိသော မောင်ခန့်က သူ့လက်ကောက်ဝတ်ကိုလည်းဆွဲရင်း ငြိမ်းစံထံ ခွင့်ပြုချက်တောင်းခံနေခြင်းဖြစ်သည်။

"ဘုန်းခန့်နဲ့အုပ်စိုး သွားမယ်ဆိုလည်း ဝေးဝေးလံလံတော့မလုပ်နဲ့နော်။ အခုမှဒီနေရာကိုရောက်ဖူးတာ။မျက်စိလည်ပြီးလမ်းပျောက်နေမှာစိုးလို့"

"အေးပါ။စိတ်မပူပါနဲ့။ ဒီနားပဲသွားမယ်"

ထွက်သွားဖို့ရာ ဟန်တပြင်ပြင်ဖြစ်နေသော သူတို့နှစ်ယောက်အား စိုးရိမ်ခြင်းအငွေ့အသက်တွေပြည့်နေသော မျက်လုံးများဖြင့် ကြည့်ကာသတိပေးနေသော သူငယ်ချင်းမအား ဘုန်းခန့် စိတ်မပူစေရန်အလို့ငှာ တွေ့ကရာစကားတချိူ့ကို ခပ်လွယ်လွယ်ပြောလိုက်မိ၏။

ထို့နောက် သကောင့်သားမောင်ခန့်သည် သူ့ရဲ့လက်ကောက်ဝတ်ကိုဆွဲပြီး ခြေလှမ်းကျဲကြီးတွေဖြင့် ​မပြေးရုံတမယ်ပင်သွားသောကြောင့် သူ့မှာသူငယ်ချင်းဖြစ်သူရဲ့ ဆွဲခေါ်ရာအနောက်သို့ ကန့်လန့်ကန့်လန့်နဲ့ပါသွားရပြန်သည်။

အောင်သပြေခင်းကြီးတွေကိုဖြတ်ကျော်ပြီးနောက် အဝါရင့်ရောင် မြက်ခြောက်တွေ အပြည့်ပေါက်နေသော ကွင်းပြင်ကျယ်ကြီးသို့ အရောက်မှာတော့ ခြေလှမ်းတွေကိုရပ်တန့်သည်။

Someone Ordinary🍁{Completed}Where stories live. Discover now