𝐓𝐡𝐚𝐧𝐤𝐬 𝐚 𝐦𝐢𝐥𝐥𝐢𝐨𝐧🎉

3.4K 435 21
                                    


Hello guys❤

ပြီးသွားတဲ့ အထိမ်းအမှတ်လေးအနေနဲ့..
Let me အာလူးဖုတ် U guys!!😂

နည်းနည်းတော့ စကားများပါရစေ။
စိတ်အနှောင့်အယှက်ဖြစ်သွားရင်တော့ တကယ်ဆောရီးပါနော်။

ပထမဆုံးပြောချင်တာက ဒီဇာတ်လမ်းလေးရေးဖြစ်ခဲ့တဲ့အကြောင်းပါ ဟီးဟီး။

ကိုယ်အမှန်တိုင်းပြောရရင် ဒီဇာတ်လမ်းကိုတစ်ခါမှ plotမချဖူးပါဘူး။
ရေးဖြစ်တဲ့အဓိကအကြောင်းအရင်းက မျက်နှာချင်းဆိုင်အိမ်က ကောင်လေးကြောင့်ပါ။

အိမ်ကခိုင်းမှ ဆိုင်ကယ်ထုတ်ပြီး အပြင်ထသွားထလာလုပ်တဲ့ တစ်သီးတစ်သန့်နေတတ်ပြီး၊အပြုံးအရယ်နဲ့ စကားအပြောအဆိုသိပ်မရှိတဲ့ကောင်လေးကိုကြည့်ပြီး ရေးဖြစ်သွားတာပါ။

သူ့ကြောင့်ရေးဖြစ်တယ်ဆိုပေမဲ့ ရေးရင်းနဲ့ Character ကသူနဲ့မတူတော့ပါဘူး။

အနည်းငယ်ခပ်ဆင်ဆင်လေးတော့ ဖြစ်ပေမဲ့။

အဲ့ဒါက ဒီficအစပျိုးခဲ့တဲ့အကြောင်းအရင်းပါ။

နောက်ပြီး ကိုယ်အဲ့ဒီအချိန်မှာ ခေါင်းထဲရှိတဲ့တစ်ခုတည်းသောအရာက ငါစာရေးချင်တယ်ဆိုတာပါပဲ။

ဇာတ်လမ်းလည်းမရှိသလို ခေါင်းထဲမှာဘာကိုဘာမှမရှိတာပါ😂။

သီချင်းလေးနားထောင်လိုက် ခေါင်းထဲပေါ်တာရေးလိုက်နဲ့ လုပ်ခဲ့ရတာပါ။
အဲ့လိုဆိုပေမဲ့ ကိုယ်ပေါ့ပျက်ပျက်နဲ့ ပြီးစလွယ်မလုပ်ခဲ့တာယုံပေးပါ။
တကယ်အလေးနက်ထားပြီး အပတ်တကုပ် ကြိုးစားခဲ့တာ။
ဒါပေမဲ့လို့ စာလည်းဖတ်ကျင့်မရှိခဲ့။ဗဟုသုတလည်းသိပ်မရှိတဲ့ beginnerဆိုတော့ကား ချို့ယွင်းချက်တွေ၊ဟာကွက်တွေ တစ်ပုံတစ်ပင်ကြီးနေမှာပါ။

အဲ့ဒါကြောင့် စိတ်ထဲဘဝင်မကျတာရှိရင် ထောက်ပြလို့ရပါတယ်။ကိုယ်တကယ် ပျော်ရွှင်စွာနာခံမှာပါ။

နောက်ဆုံးအနေနဲ့ပြောချင်တာက ကိုယ့်ရဲ့ မပြည့်စုံမှုတွေရှိတဲ့ဇာတ်လမ်းလေးကို အချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့တစ်ယောက်ချင်းဆီတိုင်းကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်လို့။

Someone Ordinary🍁{Completed}Where stories live. Discover now