🌟unicode🌟
အချိန်ကား မနက်၉နာရီ။
သုံးဘီးဟုခေါ်သော ဆိုင်ကယ်ကိုနောက်တွဲတပ်ထားသည့် ယာဥ်လေးသည် ကတ္တရာလမ်းလေးတစ်ခုပေါ်တွင် တရွေ့ရွေ့ ဖြင့် သွားနေသည်။
ထိုနောက်တွဲလေးတွင် လိုက်ပါနေပါသော ခရီးသည်တွေကတော့ ငြိမ်းစံ၊နှင်းနု၊မောင်ခန့်၊အုပ်စိုး၊သုခနှင့် ဘွားလေးရဲ့မြေးမလေးဖြစ်သူ မိသစ်ထူး။
အခုသွားနေတဲ့နေရာက ရေးမြို့နယ်၊ခေါဇာမြို့နယ်ခွဲ၊ကဗျာဝရွာအနီးက ကဗျာဝကမ်းခြေဆီကိုဖြစ်သည်။
ကဗျာဝကမ်းခြေရောက်ဖို့ ရင်ရဲရွာလေးကနေသွားတဲ့အခါ လမ်းကလေးကခပ်ကျဥ်းကျဥ်းရယ်မို့ လမ်းတစ်လျှောက်တွေ့ရမည့် ရှုခင်းများ၊မြင်ကွင်းများမှာ ခပ်စိပ်စိပ်ဖြစ်သည်။
လမ်းမတစ်ဖက်တစ်ချက်စီတွင် ရှိသော ကြော်ငြာတွေ၊ဆိုင်းဘုတ်တွေ၊လမ်းညွှန်တွေ၊စားသောက်ဆိုင်နာမည်တွေကအစ မွန်ဘာသာစကားဖြင့် ရေးထားသည်။
ပုံစံတူပါသော ခြေတံရှည်နှင့် ဆေးနီရောင်သုတ်ထားသော သစ်သားအိမ်ကလေးတွေဟာ နေချင်စဖွယ်နှင့် သပ်သပ်ရပ်ရပ်ပင်။
မိနစ်နှစ်ဆယ်လောက် ခရီးနှင်ပြီးနောက် သုံးဘီးဆိုင်ကယ်သည် ကဗျာဝရွာလေးဆီကိုရောက်လေပြီ။
ချောင်းတံတားတစ်ခုကိုဖြတ်ကျော်ပြီးနောက် ကားလမ်းဘေးတွင် ပင်လယ်ရေပြာပြာတွေကိုလှမ်းမြင်နေလေပြီ။
ရွာအတွင်းသို့ဝင်သည်နှင့် နံဘေးက ကမ်းခြေသည် သောင်ပြင်တော့မရှိသေးဘဲ မြစ်ကမ်းဘေးကိုဖြတ်ကျော်သလိုသာဖြစ်သည်။
သိပ်မကြာပါ။
ရွှေမှုန်တွေနှင့်အလားတူသည့် သဲပွင့်လေးတွေပြည့်နေပါသော သဲသောင်ပြင်၏တစ်နေရာတွင် သုံးဘီးဆိုင်ကယ်လေးကရပ်တန့်သည်။သူတို့အားလုံး အောက်ကိုဆင်းပြီး ကြည်လင်သောရေပြာပြာတွေရှိရာ ပင်လယ်ကြီးဆီသို့အပြေးသွားကြသည်။
အနီးကပ်ကြည့်မှသိရသည်က သဲပွင့်လေးတွေဟာ ရွှေအိုရောင်မဟုတ်ပါဘဲ ငွေရောင်ဖြူလွလွကလေးတွေ။
YOU ARE READING
Someone Ordinary🍁{Completed}
RomanceU are 'Someone Ordinary',yet the most precious person to me💫