𝐂𝐡𝐚𝐩𝐭𝐞𝐫 (27) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

7.5K 977 63
                                    

⭐unicode⭐

သူ စိတ်ကူးယဥ်တာတွေများသွားပြီး အမြင်တွေဝေဝါးကာ အယောင်အယောင်အမှားမှားတွေမြင်နေရတာလား..?

ပုံရိပ်ယောင်တွေမဟုတ်ဘူးဆိုတာ ပြတ်သားစွာမြင်နေရတဲ့ မျက်နှာချင်းဆိုင်မှ ကောင်လေးရဲ့ ရီဝေဝေမျက်ဝန်းညိုကြီးတွေက သက်သေ။

နောက်ပြီး နှုတ်ခမ်းထက်မှ လျှပ်ကနဲ ဖြတ်ပြေးသွားတဲ့ အထိအတွေ့တစ်ခု။

စကားလုံးတွေကို နှုတ်ခမ်းပါးတွေထံမှ ဖွင့်ဟဖို့ရာ အခက်အခဲရှိနေရင် မျက်ဝန်းတွေကို စကားပြောခွင့်ပေးပါတဲ့..။

ထို့ကြောင့် သူတို့နှစ်ယောက် အချိန်အတန်ကြာ မျက်လုံးတွေဖြင့် ဆက်သွယ်နေကြသည်။

မျက်ဝန်းများစွာဖြင့် အကြည့်ချင်းဆုံဖူးခဲ့ပေမဲ့ ဒီမျက်ဆံညိုတွေထံမှာတော့ ဘယ်သောအခါမှ လွတ်မြောက်ရိုးထုံးစံမရှိခဲ့။

အမြဲလိုလို ရှောင်ဖယ်ဖို့ရာခက်သည်။

*ဒေါက်..ဒေါက်..ဒေါက်*

အခန်းအပြင်ဖက်မှ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာပါသော တံခါးခေါက်သံကြောင့် ကောင်လေးက သူ့ထံမှ အကြည့်တွေကိုရုတ်သိမ်းလိုက်ပြီး တံခါးရှိရာသို့ ခပ်သုတ်သုတ်ချဥ်းကပ်သွားသည်။

ခပ်ဟဟတံခါးရဲ့အပြင်ဖက်တွင် ရပ်နေသူက ငြိမ်းစံ။

"မောင်လေး မမကို စျေးမှာ မနက်စာလေးသွားဝယ်ပေးမလား"

ကောင်လေးက ခေါင်းငြိမ့်ပြလိုက်လိုက်တော့ ငြိမ်းစံတစ်ယောက် စကားတွေပင်ထပ်မပြောဘဲ အေးအေးဆေးဆေးပင် ထွက်သွားလေပြီ။

ပွင့်ဟနေသော တံခါးချပ်လေးကိုအသာစေ့။

မိမိရှိရာဖက်ကို မသိမသာ စောင်းငဲ့ကြည့်လာသော မျက်ဝန်းညိုတွေက ထွန်းသစ်စ နေမင်းကြီးလားလေ။

မနက်ခင်းအိပ်ယာထခါစ မျက်နှာလေးတောင် စိမ့်စမ်းရေ သဖွယ် ကြည်လင်အေးချမ်းလို့။

ကိုယ့်ရဲ့ တစ်ခုတည်းသော အကြည်ဓာတ်ကလေး..။

ဒီကောင်လေးက သူ့ကိုချစ်တယ်တဲ့လား..။
မယုံကြည်နိုင်လိုက်တာ။
ချစ်ခြင်းမေတ္တာဆိုတာ အသွားအပြန်ရှိတယ်ဆိုတာ အခုတော့ တထစ်ချ ယုံကြည်သွားရပြီ။

Someone Ordinary🍁{Completed}Where stories live. Discover now