[🔺𝐓𝐡𝐢𝐬 𝐜𝐡𝐚𝐩𝐭𝐞𝐫 𝐢𝐬 𝐟𝐢𝐥𝐥𝐞𝐝 𝐰𝐢𝐭𝐡 𝐦𝐚𝐭𝐮𝐫𝐞 𝐬𝐜𝐞𝐧𝐞𝐬 ,𝐬𝐨 𝐭𝐡𝐢𝐬 𝐢𝐬 𝐢𝐧𝐚𝐩𝐩𝐫𝐨𝐩𝐫𝐢𝐚𝐭𝐞 𝐟𝐨𝐫 𝐭𝐡𝐨𝐬𝐞 𝐫𝐞𝐚𝐝𝐞𝐫𝐬 𝐰𝐡𝐨 𝐚𝐫𝐞 𝐬𝐭𝐢𝐥𝐥 𝐤𝐢𝐝𝐬🍼 ]
⭐unicode⭐
ဆိတ်ငြိမ်သော အညိုရောင်ဆေးခြယ်ထားသည့် အခန်းဝယ် တံခါးဖွင့်သံ *ကျွီ*ဆိုသည်က ခပ်နှေးနှေးလေးထွက်ပေါ်လာသည်။
Air-Conဖွင့်ထားသည်မို့ အအေးဓာတ်တွေလွှမ်းခြုံ
နေသော အခန်းငယ်လေးထဲမယ် စာရေးခုံတစ်ခုပေါ်တွင် တင်ထားသော နှင်းဆီနံ့ထုံသည့် ဖယောင်းတိုင်ရနံ့က တဝေ့ဝေ့ပျံ့လွင့်လို့။မှန်ပြတင်းတံခါးအားဖွင့်ထားမိရာ ညချမ်း၏လေပြည်လေညှင်း တသွေးသွေးတိုက်ခတ်မှုကြောင့် လေနှင့်အတူ လွင့်မြောနေသော ငွေမှင်ရောင်ပိုးဖဲလိုက်ကာစလေး။
ဝါကျင့်ကျင့်အလင်းရောင်ဟပ်နေပါသော မျက်နှာချောချောကလေး၏ပိုင်ရှင်ကြောင့် ပွေ့ချီခံထားရသူမှာ စိတ်ညို့ခံထားရသည့်နှယ် ရီဝေယစ်မူးနေလို့။
အုပ်စိုးကိုပွေ့ကာ ကုတင်ကြီးရှိရာ အိပ်ခန်းအလည်ဆီသို့ဦးတည်ပြီး တည်တံ့စွာ လျှောက်လမ်းနေသူသည် အင်ပါယာကြီးတစ်ခုရဲ့ ဧကရာဇ်အလား ခန့်ညားလို့။
အိစက်စက် မွေ့ရာထက်ဝယ် အုပ်စိုးအားအသာချပေးကာ တပြိုင်နက်ပင် အပေါ်မှအုံ့မိုးလာသော သူရယ်။
နက်မှောင်သော မျက်တောင်ရှည်တွေ ဖြန့်ကျက်ထားသည့် ညို့ဓာတ်ပြင်းလွန်းလှပါသော အညိုရောင် မျက်ဝန်းတစ်စုံအောက်ဝယ် အကြိမ်ကြိမ်အခါခါ ညံ့သက်ချင်မိသည်အထိ။
ချစ်ရသူမျက်နှာထက်ဝယ် အကြည့်တွေဖြင့် အလုပ်များနေစဥ် ကောင်လေးကတော့ အုပ်စိုးဝတ်ထားသော မဲနယ်ရောင် hoodie ဇစ်ကလေးဆီ လက်လှမ်းနှင့်နေလေပြီ..။
*ဇွိ*
အဆုံးထိပွင့်သွားသော အကျီဇစ်လေးနှင့်အတူ မြင်လိုက်ရသော မြင်ကွင်းက နှလုံးသွေးကြောတွေပေါ်ကွဲလုမတတ် လှရက်လွန်းသည်။
နှင်းစက်လေးလို ဖြူဖွေးကာ အပြစ်အနာအဆာတစ်စက်ကလေးတောင် မရှိပါသော ဝင်းမွတ်နေသည့် ခန္ဓာကိုယ်ထက်ဝယ် ပန်းဆီရောင် ပန်းပွင့်ကလေးနှစ်လွှာက နှစ်လိုစွဲမက်စရာ။
YOU ARE READING
Someone Ordinary🍁{Completed}
RomanceU are 'Someone Ordinary',yet the most precious person to me💫