𝐂𝐡𝐚𝐩𝐭𝐞𝐫 (11) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

7.7K 1.1K 50
                                    

⭐unicode⭐

ကုန်စုံဆိုင်နားသို့ရောက်တော့ နားထဲမှairpodလေးတစ်ဖက်ကိုထုတ်ကာ သူ့အားပြန်ပေးပြီး စေတနာပိုစွာပင် မခို့တရို့အပြုံးနုနုကလေးတစ်ခုကို ထပ်မံ၍စွန့်ကြဲပါသော ကောင်လေး။

ပါးချိုင့်ကြီးနှစ်ခု တွဲခိုနေသည့် သိမ်မွေ့တဲ့အပြုံးလွှလွှသည် သူ့အားတိမ်တွေပေါ်မျောလွင့်နေသကဲ့သို့ ခံစားချက်ကိုပေးစွမ်းနိုင်သည်။
ရူးသွပ်ချင်စဖွယ်အပြုံးအောက်မှာ လှိုက်ဖိုနေသော နှလုံးသားဟာ စည်းချက်မြန်ဆန်စွာနဲ့ အတက်အကျမမှန်ချင်။

Coca cola တစ်ကဒ်ကိုဆွဲယူပြီး ပိုက်ဆံရှင်းနေသည့် လူ၏နောက်ကျောကို ငေးကြည့်နေတဲ့သူ့မျက်ဝန်းတွေက ဘယ်လိုများဖြစ်နေလိမ့်မလဲ?
သူသိချင်သည်။

မျက်ဝန်းအိမ်တွေက နှလုံးသားရဲ့တံခါးချပ်လေးပဲတဲ့။
ဝဲဖက်ရင်အုံပေါ်သို့ သူလက်လေးတစ်ဖက်တင်ကြည့်သည်။
သူတကယ်ရင်မောရပြီ။
ဘယ်အချိန်ကစလဲ?ဘယ်လိုကြောင့်ဖြစ်သွားလည်းသူမသိဘူး။
သတိထားမိတဲ့အချိန်မှာတော့ သူ့ရင်ခုန်သံတွေက ထိန်းချုပ်မရအောင်ကျယ်လောင်နေခဲ့ပြီ။

"အနောက်မှာရပ်နေတဲ့သားလေးရော ဘာလိုသေးလဲ?"

ဆိုင်ပိုင်ရှင် အန်တီကြီး၏ ခပ်ကျယ်ကျယ်အသံကြောင့် သူ့မှာ အိပ်မက်ထဲတွင်မျောလွင့်နေရာမှ နိုးထလာရသည့်သူလို အလန့်တကြား။

"ဗျာ!"

အော်သံကြောင့် အန်တီကြီးတင်မက ကောင်လေးကပါ
သူ့ကို လှည့်ကြည့်လာလေတော့ ရုတ်တရတ်ကြီးဖြစ်သည်မို့ ချက်ချင်းလက်ငင်းအလုပ်မပေးနိုင်သော
ဦးနှောက်ကြောင့် သူ့မှာ ကြက်သေသေသလို ထိုနေရာမှာရပ်နေတာတောင့်တောင့်ကြီး။

နဂိုကလည်း တစ်စုံတစ်ယောက်ကို ဦးတည်ကာ တွေးနေသည့် အတွေးတို့ကလည်း ရိုးသားနေသည်မဟုတ်တော့ တကယ်ကိုမလုံမလဲတွေဖြစ်နေလေပြီ။

သူ့ကိုကြည့်နေသည့်ကောင်လေးရဲ့အကြည့်တွေမှာ စိတ်ရှုပ်ထွေးနေသလို အရိပ်လေးတွေကတလွှားလွှားဖြတ်ပြေးနေသည်မို့ နံဘေးရှိအရာတစ်ခုကို တစ်ချက်မျှပင်မကြည့်ဘဲ ကမန်းကတမ်းပင်ဆွဲဖြုတ်လိုက်တော့သည်။

Someone Ordinary🍁{Completed}Where stories live. Discover now