Part-4 ✓Uni

629 52 0
                                    

မိဘအိမ်ကပြန်လာသောကောင်လေးမှာမျက်နှာမကောင်းချေ။ဘာဖြစ်လို့လဲမေးသော်လည်း ပင်ပန်းလို့ဟုသာဖြေသောကြောင့် စိတ်အနှောက်အယှက်မဖြစ်စေချင်သောဆက်မမေးဘဲသာအနားယူခိုင်းထားလိုက်တယ်။

"Win ငါအလုပ်ကိစ္စအပြင်သွားမလို့
ဘာမှာအုံးမလဲ"

"မမှာတော့ဘူး မြန်မြန်သာပြန်လာခဲ့"

ခါတိုင်းစကားပြောနေကြလို လေသံလည်းမမာသလိုကောင်း"မွန်"ပြန်ပြောတဲ့သူကြောင့်
အံ့ဩမိပေမဲ့ ဒီလိုလေးဘဲအမြဲပြောရင်ကောင်းမှာဘဲ အဲ့ဒီလိုပုံစံလေးကမင်းနဲ့ပိုလိုက်တယ်လို့တွေးမိတယ်။

*ငါကမင်းကိုဘယ်လိုမျက်နှာချင်းဆိုင်ပြီး
စကားပြောရမှာလဲ ဒယ်ဒီကသူ့စီးပွားရေးအတွက်မင်းကိုအသုံးချခဲ့တယ်ဆိုတာ*

Flesh back 🌫️

"အကိုလေး အိမ်လာလည်လာတာလား"

"ဟုတ်တယ် ဒေါ်ဒေါ် မာမီတို့ရော"

"စာကြည့်ခန်းမှာစကားပြောနေတယ်
ဒေါ်ဒေါ် သွားခေါ်ပေးမယ်လေ"

"ရတယ် ကျွန်တော်ဘာသာသွားလိုက်မယ်
ဒေါ်ဒေါ်လုပ်စရာရှိတာသာလုပ်"

စာကြည့်ခန်းရှိရာကိုသွားပြီးတံခါးခေါက်ခါနီး
ကြားလိုက်ရသော စကားသံများကိုနားထောင်မိတော့

"တကယ်ဘဲ
ရှင်သားလေးကိုအသုံးချလိုက်တာပေါ့
ကျွန်မအဲ့လောက်ထိထင်မထားဘူး
ရှင့်ရဲ့လောဘကြီးမှုတွေကို"

"ငါအသုံးချတာမဟုတ်ဘူး
သူ့အနာဂတ်အတွက်၊ငါ့စီးပွားရေးအတွက်
VC groupရဲ့အမွေဆက်ခံသူ Brightဆိုတဲ့ကောင်လေးကိုအပိုင်ဖမ်းလိုက်ရုံဘဲ"

"..."

"မင်းသိလား ဒေါ်ကြည်ပြာကငါ့ရဲ့သားကိုအဲ့လောက်လွယ်လွယ်နဲ့ လက်ခံမယ်လို့ငါမထင်ထားဘူး။ပြီးတော့ငါ့သားကို အဲ့ကောင်လေးနဲ့အချိန်တွေအကြာကြီးမပေါင်းခိုင်းပါဘူး
ငါလိုချင်တာရရင်အကြောင်းပြချက်ရှာပြီးကွာရှင်းခိုင်းလိုက်မှာဘဲ"

"..."

"ကွာရှင်းတဲ့အခါကြရင်လည်း
ငါ့သားရသင့်ရထိုက်တာတွေကိုတောင်းရမယ်
ပြီးရင်ငါ့သားကို MO Groupကိုလွဲပေးပြီး
စီးပွားရေလောကရဲ့ပြိုင်စံရှာနတ်ဘုရားတပါးဖြစ်အောင်လုပ်ပေးမယ်"

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ