Part - 24 ✓Uni

381 39 2
                                    

~~ မောင့်အသက် ~~

ဗိုက်ပေါ်တွင်ကားယားခွအိပ်နေသော သားသားကိုဘေးချကာ ၀င်လာသောmessageကိုဖတ်လိုက်သည်။

💬 - မောင်ငါ့ကို Queen Hotelမှာလာခေါ်ပါ။
အခန်းနံပါတ် 1509

💬 - မောင်လာခဲ့မယ် စောင့်နေနော်အသက်

သားသားကိုနိူးကာပြင်ဆင်စရာရှိတာများပြင်ဆင်ပေးကြီး ဒေါ်ဒေါ်ဆီအပ်ထားလိုက်သည်။အသက်ကိုသွားခေါ်ရန်ပြင်ဆင်စရာရှိသည်များပြင်ဆင်ပြီး Queen Hotelသို့ကားဖြင့်သွားလိုက်သည်။

Hotelသို့ရောက်သည်နှင့် အခန်းနံပါတ်သိပြီးသားပေမို့ အခန်းရှိရာသိုဦးတည်သွားလိုက်သည်။

အခန်းတံခါးခေါက်ရန်လက်ပြင်လိုက်ပေမယ့် တံခါးမှာအလုံပိတ်မထားသောကြောင့်အထဲသို့ဖွင့်၀င်လာလိုက်သည်။

"အသက်ကတော့လေ
တံခါးကိုလုံအောင်မပိတ်ဘူး"

ဆက်လျှောက်လာသည့်လမ်းတစ်လျှောက်မှာ ပြန့်ကျဲနေသောအ၀တ်အစားများ။အသက်၏အ၀တ်အစားများသာမက မိန်းမ၀တ် အ၀တ်အစားများပါ။

သက်ပြင်းချကာ စိတ်တင်းပြီးကုတင်ရှိရာသိုဆက်လျှောက်လာရင်းတွေ့လိုက်ရသည့်မြင်ကွင်းမှာ ရင်၀ကိုဆောင့်ကန်ခံလိုက်ရတာထက်ပိုနာကျင်သည်။

အသက်သည်အ၀တ်ဗလာဖြင့် မိန်းကလေးတစ်ယောက်နဲ့ကုတင်ပေါ်တွင် ပွေ့ဖက်အိပ်နေသည်။ထိုမိန်းကလေးမှာ တခြားသူမဟုတ်Primပင်။

"ဒါကဘယ်လိုတွေဖြစ်နေကြတာလဲ!!!"

ချက်ခြင်းပင်လန့်နိုးသွားသော ကောင်လေးမှာ အခြေအနေကိုချက်ခြင်းပင်သဘောပေါက်သွားဟန်တူသည်။

"မ မဟုတ်ဘူးနော်မောင်
မောင်ထင်သလိုမဟုတ်ဘူး"

"အင်း ငါထင်သလိုမဟုတ်ဘူးပေါ့
ငါမြင်သလိုဖြစ်နေတာပေါ့ ဟုတ်လား"

"မ မဟုတ်ရပါဘူး မောင်ရယ်
Primပြောလိုက်လေ"

"ကိုကိုကလည်းPrimဘာပြောရမှာလဲ
ညကချစ်ခဲ့တဲ့အကြောင်းလား
ဒါမှမဟုတ် ကိုကိုကတအားကဲတဲ့အကြောင်းလား"

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)حيث تعيش القصص. اكتشف الآن