Part-34 Zawgyi

313 8 0
                                    

ဘယ်သူမှမထင်ထားတဲ့ကံကမ္မာအပြောင်းအလဲကလေ
သိပ်ကိုအံ့သြဖို့ကောင်းတယ်

ဆေးရုံကားပါကင်တွင် ရပ်ထားသောကားဆီသို့Pinkyအေးစွာလျှောက်လာမိသည်။

"Hello အေးDewပြော"
Go h
"ကယ် ကယ်ပါ"

"Dewနင်ဘာဖြစ်လို့လဲ Hello... Hello..."

ကျသွားဖုန်းကိုပြန်ခေါ်သော်လည်း ကိုင်သူမဲ့လျက်ပင်။

"မစနဲ့နော်Dew ငါစိတ်ပူလာပြီ
ငါငိုတော့မှာနော်..........
ဟုတ်သားဘဲPhone Gps"

ဖုန်းGpsမှနောက်ဆုံးတည်နေရာကိုရှာကြည့်တော့ မြစ်ဆိပ်ဘက်တွင်ဖြစ်နေသည်။
အမြန်ဆုံးရောက်အောင်သွားမိသည်။

ထိုနေရာသို့ရောက်တော့
မှောင်မဲတိတ်ဆတ်နေသောပတ်ဝန်းကျင် တိုက်ခတ်နေသောလေထု
စီးဆင်နေသောရေသံ
ဤသည်များမှလွဲ၍မည်သည့်သတ်ရှိအရာမျှမရှိ။

ခနတာဦးနှောက်ကိုအလုပ်ပေးစဉ်းစားလိုက်သည်။ထိုအခိုက်

"Happy Birthday to you
Happy Birthday to you
Happy Birthday ××
Happy Birthday
Happy Birthday Dear Pinky"

ထိန်လင်းသွားသောပတ်ဝန်းကျင် Birthday Cakeကိုကိုင်ပြီး သူ့ဆီကိုဦးဆောင်လာနေသူမှာ ခုနကကယ်ပါဟုသာပြောပြီး ဖုန်းချသွားသော သူငယ်ချင်းအကောင်စုတ်။
သူ့နောက်မှာလက်ဆောင်ကိုယ်စီကိုင်ထားကြသောBrightWinလင်လင်။

ဪ...Surpriseပေါ့။
လူကလန့်သွားတာဘဲ။
နင်တို့ကတော့။

"အဲ့မျက်နှာကြီးကဘာဖြစ်နေတာလဲ ပြုံးပြုံးလေးနေပြီး မွေးနေ့ဆုတောင်းလေဟ"

သူတို့ပြောမှသတိရကာ လက်အုပ်ချီဆုတောင်းပြီး ဖယောင်းတိုင်မီးမှုတ်လိုက်သည်။

"ဘာဆုဆောင်းတာလဲ"

"ပြောစရာလား နေပါဦး
နင်တို့တွေဒါက Birthday Surpriseပေါ့ ဟုတ်လား"

"အေးပေါ့ဟ😀"

Surpriseဆိုလည်း ရိုးရိုးတန်းတန်းလုပ်လေအခုဟာက ကြည့်အုံး လူမှာလန့်မသေရုံတမယ်ဘဲ မောင်းလာတဲ့ကားအရှိန်ကြောင့် နိပ္ဗန်မကြွသေးတာဘဲကံကောင်း။

"ဪ ငါမသေတာကံကောင်းဘဲ
ဒါမျိုးကြအတိုင်အဖောက်ညီကြတယ်နော်"

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Donde viven las historias. Descúbrelo ahora