Part-2 ✓Uni

831 62 2
                                    

အချစ်မပါဘဲလက်ထက်လိုက်ရတဲ့ ကောင်လေးနှစ်ယောက်ရဲ့အိမ်ထောင်ရေးက အဆင်ပြေတာလဲမဟုတ်သလို အဆင်မပြေဘူးလို့လည်းမဆိုနိုင်ချေ။
Brightကအရင်အတိုင်းဘဲ သူ့အဒေါ်ရဲ့VC Groupမှာဘဲအလုပ်ဆက်လုပ်နေတယ်။အိမ်ထောင်ဦးစီးတယောက်ရဲ့ ၀တ်တရားတွေကိုလည်းမပျက်မကွက်စေဘူးလေ။
Winကတော့ သူရဲ့ရှုပ်ပွေတတ်တဲ့အကျင့်အတိုင်းရှုပ်ပွေဆဲပါဘဲ။သူ့ကယောကျာ်းလေးတယောက်ကိုလက်ထက်လိုက်ရတာကြောင့် သူရဲ့အချစ်ဦး Love ကလည်းသူကိုစိတ်နာပြီး ထားခဲ့တယ်။အဲ့ဒီအကြောင်းပြချက်နဲ့ ဘဲ Brightကို အမြင်မကြည်ပေ။
တခန်းတည်းအိပ်သော်လည်း ခုတင်ခွဲအိပ်ကြသည်။ဒါကလည်းနှစ်ယောက်လုံးရဲ့သဘောတူညီချက်နဲ့ပင်။တယောက်ကိုတယောက်လည်းလွတ်လပ်ခွင့်ပေးထားကြသည်။

"Bright ငါအိပ်ချင်ပြီအခန်းမီးပိတ်တော့"

"ခနလေးနေပါအုံး Win ငါ Companyကအလုပ်တွေလက်စသတ်နေတာမလို့"

"မလိုချင်ဘူး!! အခုပိတ်!!"

"အိုကေ မင်းသဘောပါ"

အခန်းမီးပိတ်ပေးကာစာကြည့်မီးအိမ်ဖြင့် အလုပ်ဆက်လုပ်နေသည့်ကောင်လေးကိုကြည့်မိတော့လည်းစိတ်မကောင်းပေ။သို့သော်လည်းစိတ်ထဲတွင်အချစ်ဦးအကြောင်းတွေးမိသွားတော့

*ဘာလို့စိတ်မကောင်းဖြစ်ရမှာလဲ
ဒါကနည်းတောင်နည်းသေးတယ်
မင်းကြောင့် Love ကငါ့ကိုထားသွားတာ*

----------------
"အကိုလေး Win "×3

"ဟာ ကျစ်
ဘာလို့အဲ့လောက်နိုးနေတာလဲ"

"ဟို ဟိုလေ..."

"ပြောစရာရှိတာမြန်မြန်ပြော"

"အကိုလေးမိတ်ဆွေရောက်နေပါတယ်"

"မိတ်ဆွေ ဘယ်သူလဲ"

"နာမည်တော့မမေးမိခဲ့ဘူး
မိန်းကလေးတယောက်ဘဲ"

"မိန်းကလေးလား....
ဒါနဲ့ Brightရော"

"Company အစည်းအဝေးရှိလို့တဲ့
အစောကြီးကတည်းကထွက်သွားတာပါ"

"ကျွန်တော်လာခဲ့မယ်လို့ပြောလိုက်"

"ဟုတ် ဟုတ်ကဲ့"

----------------
"ဘယ်သူများလဲလို့ Neen ကို ဘာကိစ္စ"

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Where stories live. Discover now