Part-9 ✓Zawgyi

264 9 1
                                    

မောင့်အသက် Part-9

"အန်တီ Pinky အိမ်မှာရှိလားဗျ"

"ဟေ သားမသိသေးဘူးလား
သမီးလေးက နယ်ဘက်ကိုပြောင်းရွှေ့တင်ထားတာအမိန့်ကျလို့ပြောင်းသွားပြီ"

"သားမသိဘူး အန်တီ
ဘယ်လိုဖြစ်တာလဲ ရုတ်တရက်ကြီး"

"အန်တီလည်းမသိပါဘူးကွယ်
သားတို့နဲ့တခုခုဖြစ်သေးလား"

"ဘာလို့လဲ အန်တီ"

"ဒီမှာလေသူ့အခန်းထဲက
အမှိုက်ပုံးထဲမှာတွေ့တာ"

သူငယ်ချင်းသုံးယောက်ရဲ့အမှတ်တရများအားလုံးကို အမှိုက်ပုံးထဲမှာတွေ့လိုက်ရတဲ့ခံစားချက်က ရင်ဘက်ထဲမှာအောင့်သက်သက်
နောက်ဘက်ကနေပခုံးကိုလာကိုင်သောကောင်လေးကိုလှည့်ကြည့်မိတော့

"အားတင်းထားနော်"

"အင်း
အန်တီသားသူ့အခန်းကိုသွားလို့ရမလား"

"သွားလေသားရဲ့
အန်တီပုတီးစိပ်လိုက်အုံးမယ်
အေးဆေးနေကြနော်"

"ဟုတ်"×၂

အခန်းသို့သွားသောလမ်းတလျောက်ကတံဆိပ်နဲ့ဓာတ်ပုံများကိုကြည့်ရုံဖြင့် Pinky ဘယ်လောက်တော်မှန်းသိသာပါတယ်။အခန်းတံခါးမှာရေးထားတာက"Personal Area"
တဲ့။အခန်းအတွင်းကအပြင်အဆင်ကလည်းနာမည်နဲ့လိုက်အောင်ပင် ပန်းရောင်ကမ္ဘာထဲရောက်သွားသလိုပင်။စာကြည့်စားပွဲဆီတည့်တည့်မတ်မတ်လျောက်သွားတဲ့သူရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ရင်း ရုတ်တရက်မြင်လိုက်တာက ကတင်ခေါင်းရင်းတွင်တင်ထားသောသူငယ်ချင်းသုံးယောက်ပုံမှာ ဆော့ပင်များဖြင့်ခြစ်ထားခြင်း။

"အဲ့လို့မဟုတ်ပါဘူး Pinkyရာ
ငါတောင်းပန်ပါတယ်"

မောင့်အသံကြောင့်အနားကိုအမြန်သွားလိုက်ပြီး လက်ထဲကဒိုင်ယာရီစာအုပ်ပန်းရောင်လေးကိုယူကြည့်မိတော့ သူငယ်ချင်းသုံးယောက်ရဲ့အမှတ်တရအဖြစ်အပျက်များ
နောက်ဆုံးရေးထားတဲ့စာက

📑 သူငယ်ချင်းချင်းတွေရဲ့အဆုံးသတ်ကဒီလိုဆိုရင်ငါသူငယ်ချင်းထားမိခဲ့မှာမဟုတ်လောက်ဘူး။
📑သင်ခန်းစာလို့ပြောရမလား၊နောင်ကျဉ်စေတဲ့အရာလား မကွဲပြားဘူး။ဒါပေမဲ့ ငါ့အတွက်မိသားစုပြီးရင်အခင်တွယ်မိဆုံးတွေဘဲ။
📑ငါ့သူငယ်ချင်းကိုထိလို့ဆိုပြီးပြောလိုက်မိတဲ့အရာတွေက ငါဘောင်ကျော်သွားမှန်းမတွေးမိခဲ့ဘူး။တကယ်တော့အရင်ကတည်းကသူစိမ်းတွေဘဲ နောက်လည်းမသိသလိုနေရတာခက်မှမခက်တာ။
📑ငါ့ကိုဘာလို့ဆရာဝန်လုပ်တာလဲမေးတဲ့နင့်တို့နှစ်ယောက်ရဲ့မေးခွန်းကိုဒီစာအုပ်ရဲ့နောက်ဆုံးအဆုံးသတ်အနေနဲ့ငါဖြေမယ်
📑ဘာလို့လဲဆိုတော့နင်တို့ကြောင့်ဘဲလေ Bright နဲ့ Dew ဆိုတဲ့နင့်တို့နှစ်ယောက်ကြောင့်
ခနခနနေမကောင်းဖြစ်တတ်တဲ့ Dew ရယ်
နဂိုရောဂါခံရှိတဲ့ Bright ဆိုတဲ့နင်တို့နှစ်‌ယောက်ကြောင့်ပေါ့ နင်တို့ကိုဆေးကုပေးချင်လို့။
ငါ့သူငယ်ချင်းနှစ်ယောက်ကိုကျန်းကျန်းမာမာနဲ့အသက်ရှည်စေချင်လို့။
အသက်အရွယ်တွေအပြင်ဆက်နွယ်လာတဲ့ဆက်ဆံရေးတွေအရငါကနင်တို့ရဲ့အပြင်လူဖြစ်သွားရတာကိုတော့စိတ်မကောင်းဘူးပေါ့ဟာ။ငါမရှိရင်ကို့ကျန်းမာရေးကိုဂရုစိုက်ကြ ။
နင်တို့မလိုအပ်တဲ့ငါ့ကိုလိုအပ်နေတဲ့လူနာတွေရှိတယ် အဲ့တော့ငါ့လူနာတွေအတွက်ဘဲ ဆရာဝန်လုပ်တော့မယ်❣️

ပြောစရာစကားတွေမဲ့သွားတဲ့ခံစားချက်ကိုသိလောက်မယ်ထင်တယ်။ဆရာဝန်ဖြစ်ချင်ခဲ့တာနေမကောင်းဖြစ်တတ်လွန်းတဲ့သူငယ်ချင်းတွေကြောင့်ပေါ့။မပျက်စီးသွားသင့်တဲ့ Friendship လေး။

"မင်းတို့ကျေနပ်ပြီမလား BrightWin"

အခန်းတံခါးဝတွင်သူ့တို့ကို စူးစိုက်ကြည့်နေတဲ့ကောင်လေးတယောက်

"Dew"

"Bright မင်းတော်တယ်သိလားသူမသွားခင်ကလေ မင်းကသူ့ကိုအော်တယ်ဆိုတဲ့အကြောင်းဘဲပြောပြီးငိုနေခဲ့တာ
အပြင်လူဆိုတာ အပြင်လူအတိုင်းဘဲနေသင့်တာပေါ့တဲ့ ငါ့ကိုလည်း နင်လည်းပိုင်တဲ့သူရှိလာရင် Bright အတိုင်းဘဲငါ့ကိုအပြင်လူလို့သတ်မှတ်မှာဘဲမလားတဲ့ အဲ့တာကြောင့်သူကိုသူငယ်ချင်းမလုပ်ပါနဲ့တဲ့
မင်းအရမ်းသိပ်ကိုတော်တယ် Pinky လိုလူမျိုးကိုငိုအောင်လုပ်နိုင်တာ"

"မဟုတ်ဘူး Dew ငါပြောချင်တာက"

"မင်းရဲ့ရွေးခြယ်မှုကိုမင်းပြလိုက်တာလေ
မင်းရဲ့ရွေးခြယ်မှုကမင်းအတွက်မျက်ရည်မကျပါစေနဲ့ကွာ မင်းသိထားငါမင်းနောက်မှာအမြဲရှိတယ် လိုအပ်လာရင်လှည့်ကြည့်လိုက်ပါ"

---------------
"Win ငါမမှားဘူးမလား"

"အေး မင်းမမှာဘူး ငါမှားတာ
Friendshipတခုငါ့ကြောင့်ပျက်စီးသွားပြီ"

"အဲ့လိုမဟုတ်ပါဘူး အခုချိန်ကသွေးဆူနေတုန်းမလို့ပါ နည်းနည်းလောက်ကြာရင်အဆင်ပြေသွားမှာပါ"

"အင်း ကျေးဇူး ငါ့ကိုစိတ်မပျက်လို့"

{ အချစ်ဆိုတာ ချစ်နေရုံလေးနဲ့မပြီးဘူး }

To be continued.....

✓Fic Characterများအနေနဲ့ဘဲမြင်ပေးကြပါ
✓ 🙏🏻Please vote 🌟

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Donde viven las historias. Descúbrelo ahora