မောင့်အသက် Part-5
"Winဘာလို့ ကုတင်ခွဲထားတာကို
ပြောင်းလိုက်တာလဲ""ငါ ငါကျယ်ကျယ်ဝန်း၀န်းအိပ်ချင်လို့"
"နှစ်ယောက်အိပ်ကုတင်ကြီးလေ"
"မင်းအဆင်မပြေလို့လား
အဲ့ဒါဆိုငါအခန်းပြောင်းလိုက်မယ်""မဟုတ်တာ ရပါတယ် မင်းသဘော"
အဲ့ဒီနေ့ကစ မနက်ခင်းတိုင်း ဗိုက်နားကပ်ကာစကားတွေပြောနေလေ့ရှိတဲ့ ကောင်လေးကိုမြင်ရတာ ကြည်နူးမိသလို ၀မ်းလည်းနည်းမိတယ်။
အချိန်တွေကသိပ်မကြာသလိုဘဲအခုဆို ဗိုက်ထဲကကလေးလေးတောင်၆လကျော်ရှိသွားပြီ။မတိုးတက်တဲ့ဆက်ဆံရေးလေးကတော့
အချင်းချင်းဂရုစိုက်ပေးတာကလွဲရင်တိုးတက်တက်မှုမရှိ*အချို့အရာတွေကိုအခုချိန်မေ့ထားလို့ရတယ်မလား ငါအခုအချိန်တွေကိုအရမ်းပျော်နေမိလို့ ငါမင်းကိုချစ်မိနေတာလားမေးရင်တော့
မဟုတ်ဘူးဆိုတဲ့အဖြေကိုဘဲဖြေမယ်
ဘာလို့လဲဆိုတော့မင်းရောငါရောက
ချစ်မိလို့မရဘူးမလား*"ကလေးလေး မင်းကအရမ်းထွားလာတယ်နော် ဒယ်ဒီကကလေးလေးမွေးလာတဲ့အချိန်ထိမစောင့်နိုင်တော့ဘူး ကျန်းကျန်းမာမာနဲ့မွေးလာပေးနော် ကလေးလေး အရမ်းချစ်တယ် မင်းပါးပါးကိုလည်း...
ထားပါ မင်းလေးရဲ့ပါးပါးမနိုးခင်မနက်စာသွားပြင်ပေးလိုက်အုံးမယ် မွ"ဗိုက်ကိုနမ်းပြီး အိပ်ယာထသွားတဲ့ကောင်လေးရယ်၊ အိပ်ချင်ယောင်ဆောင်ပြီး ထိုကောင်လေးပြောသမျှကိုနားထောင်နေတဲ့ကောင်လေးရယ်နဲ့ မနက်ခင်းတစ်ခုကအစပြုလိုက်တယ်။
*နေ့တိုင်းဘဲပြောနေကြ အခေါက်တိုင်းပြောနေကြပေမယ့် ဘယ်တော့မှအဲ့စကားတခွန်းကိုတော့ အဆုံးသတ်ပြောလေ့မရှိဘူးနော်
အဲ့ဒီအဆုံးသတ်စကားကို ငါကြားချင်ပါတယ်လို့ပြောရင်လောဘမကြီးဘူးမလား
ငါစောင့်နေမယ်မင်းပြောလာမယ့်တနေ့ကို
ငါ့ဘက်ကပြန်ပေးမယ့်အဖြေမရှိပေမဲ့ပေါ့*"Win ထတော့လို့
ကိုမနက်စာပြင်ပြီးပြီ အိပ်ချင်ရင်မနက်စာစားပြီးမှဆက်အိပ်နော် လိမ်မာတယ်"
ВЫ ЧИТАЕТЕ
မောင့်အသက်\ေမာင့္အသက္ (Uni+Zawgyi)
ФанфикOwn story! #may_chivaaree မောင့်အသက် 19.5.2021wed