"Win ငါတခုလောက်မေးလို့ရမလား"
"ဘာမေးမှာလဲ စိတ်ရှုတ်စရာဆို
ကြိုပြောထားမယ် လုံးဝမမေးနဲ့""အင်းပါ မေးမယ်နော်"
"မေး"
"Win ကတခွက်လောက်သောက်ရုံနဲ့မှောက်သွားဘဲလား"
"တခွက်လောက်ကတော့စာကိုမဖွဲ့တာ
အခုတောင်သောက်ချင်ရက်နဲ့ ဒယ်ဒီကအိမ်ထောင်သည်ကဘာဖြစ်တယ်ညာဖြစ်တယ်ပြောပြီး သွားခွင့်ပိတ်ထားလို့သာမသွားတာ ဘာလို့မေးတာလဲ ယှဉ်သောက်မလို့လား""မဟုတ်ပါဘူး ငါ့သူငယ်ချင်းကပြောတာ
အဲ့ဒီနေ့က ငါတို့နှစ်ယောက်လုံးတခွက်လောက်နဲ့မှောက်သွားတယ်ဆိုတော့ ဆေးခပ်ခံရတာများဖြစ်မလားတဲ့ အဲ့တာကြောင့်""ဆေးခပ်ခံရတယ် ဘယ်သူကလဲ
ဘာလို့လဲ ဘာကြောင့်လဲ""Win ဒယ်ဒီက Naniကိုလုပ်ခိုင်းတယ်လို့ ပြောနေကြတယ် အဲ့ဒါကို ငါ ငါလည်းသံသယ၀င်မိတယ်"
"ဘာ!!
မင်းပြောချင်တာ ငါ့ဒယ်ဒီကမင်းနဲ့ငါ့ကိုပေးစားချင်းလွန်းလို့ ဆေးခပ်ခိုင်းပြီးအခုလိုတွေဖြစ်အောင်လုပ်တယ်ပေါ့ဟုတ်လား
မင်းရူးနေလား!!
ဘာလို့ငါ့ဒယ်ဒီကအဲ့လိုလုပ်မှာလဲ""မင်းဒယ်ဒီရဲ့ စီးပွားရေးအခြေအနေက...."
"တော်လိုက်တော့ Bright 👊
အေး!!အခုလိုထိုးလိုက်တာကနဲသေးတယ်"ပါးစောင်တွင်ထွက်လာသောသွေးအချို့ကို လက်ခုံဖြင့်သုတ်နေသောကောင်လေးကို
နံရံသို့ဆွဲကပ်ပြီး လည်ပင်းအားလက်နှစ်ဖက်ဖြင့်ညစ်နေသောကောင်လေးရဲ့မျက်နှာမှာဒေါသအရိပ်အရောင်အပြည့်"မင်းငါ့ဒယ်ဒီကိုမစွတ်စွဲခင်မင်းသိထားရမှာက ငါလည်းမင်းကြောင့် ဆုံးရှုံးခဲ့ရတာတွေအများကြီးကွ!! မင်းကြောင့်ငါ့ရဲ့အချစ်ဦးအချစ်ရဆုံး Love ကငါ့ကိုထားသွားတယ်
ပြောသွားသေးတယ်ဘာတဲ့ ဂေးတယောက်ကိုချစ်ခဲ့မိတာနောင်တရတယ်တဲ့ ငါ့သူငယ်ချင်းတွေရဲ့ ဝိုင်းပြီးဟားတိုက်ပြီးခံရတယ်
သိလား!! အဲ့ဒါတွေမင်းသိလား !!""ငါ ငါ တောင်း ပန် ပါ တယ်"
လည်ပင်းကိုညစ်နေသောလက်အစုံမှာပြေလျော့သွားပြီး ဒေါသထွက်နေသောကောင်လေးမှာကြမ်းပြင်ပေါ်သို့ ခွေလဲကျသွားတယ်
![](https://img.wattpad.com/cover/258860843-288-k922498.jpg)
VOCÊ ESTÁ LENDO
မောင့်အသက်\ေမာင့္အသက္ (Uni+Zawgyi)
FanficOwn story! #may_chivaaree မောင့်အသက် 19.5.2021wed