Part-10 ✓Uni

551 44 1
                                    

မောင့်အသက် Part-10

လောကဆိုတဲ့ဇာတ်ခုံပေါ်မှာကံစေညွှန်ရာဇာတ်ရုပ်ကိုကနေရတဲ့လူသားတိုင်းမှာ အကြောင်းအရင်းနဲ့ဖြစ်တည်လာမှုကလည်းမတူညီနိုင်ပေ။

"Brightမင်းPinkyနဲ့အဆက်အသွယ်ရလား"

"ဟင့်အင်း အန်တီနဲ့တော့အဆက်အသွယ်ရတယ်ပြောတယ် သူအဆင်ပြေနေပါတယ်"

"သူကဘယ်မြို့ကဆေးရုံမှာတာ၀န်ကျတာလဲ"

"နယ်ဘက်ကပြည်သူ့ဆေးရုံကြီးတစ်ခုမှာတဲ့"

"ဪ ငါပြောစရာရှိတယ်
ဒယ်ဒီကငါ့ကို သူ့ Companyမှာအလုပ်၀င်လုပ်ခိုင်းနေတယ် မင်းသဘောကရော"

"ငါ့သဘောက မင်းသဘောဘဲ
ဒါပေမဲ့ သားသားကရော"

"တော်လိုက်တော့Bright!!
မင်းပေးထားတဲ့ကတိကိုမေ့နေပြီလား
ငါBrinကိုမွေးပေးရင်ငါ့စိတ်ကြိုက်အားလုံးဖြစ်စေရမယ်ဆိုတာ"

"ကိုမမေ့ပါဘူး"

"ဒါဆိုငါပြောမယ်
ကလေးနဲ့ပတ်သတ်လာရင်ငါနဲ့ဘာမှလာမပြောနဲ့ ပြီးတော့ဒယ်ဒီCompanyမှာငါအလုပ်လုပ်မယ် ငါ့ရဲ့အရင်ပုံစံအတိုင်းပြန်နေမယ်"

"အင်းပါ မင်းစိတ်ကြိုက်ပေါ့🙂
ငါသားသားဆီသွားလိုက်အုံးမယ်"

"အင်း" *တောင်းပန်ပါတယ်မောင်*

--------------
"ဒယ် ဒယ်ဒီ"

"သားသား ပြန် ပြန်ခေါ်ပါအုံး"

"ဒယ်ဒီ"

"ဒယ်ဒီသားလေးကစကားတောင်ပြောတတ်လာပြီ ချစ်လိုက်တာ မွ"

"ဟုတ်တယ် သားရဲ့ ဒေါ်ဒေါ်ဆိုတခါတလေသူပြောတာတွေနားမလည်ဘူး"

"ဟုတ်လား သားသားသေချာဂရုစိုက်ပေးပါနော် သားသားရေ Brinလေးရေ
ခေါ်ကြည့်ပါအုံး ပါးပါးလို့"

"ပါး ပါး"

"ဟုတ်တယ်ကွ သားသားကတော်လိုက်တာ"

အလုပ်အားချိန် သားသားနားနေတုန်း သားသားရဲ့ စကားတလုံးစနှစ်လုံးစပြောတဲ့ပုံစံလေးသဘောကျနေတဲ့ကောင်လေးရယ်၊ဒယ်ဒီရဲ့အနားမှာနေချော့မြူခြင်းခံနေရတဲ့သားသားလေးရယ်၊ဒယ်ဒီရယ်သားသားရယ်ကို မမြင်ကွယ်ရာကကြည့်နေတဲ့ ကောင်လေးရယ်သူတို့ရဲ့ဇာတ်လမ်းကရောပုံပြင်တွေထဲကလိုပျော်ရွှင်ဖွယ်အဆုံးသတ်ဖြစ်ပါ့မလား။

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Where stories live. Discover now