Part 28 ✓Uni

425 43 18
                                    

👉Please Attention
ဒီPartကိုဖတ်ပြီးရင် "လရောင်ချော့တေး" သီချင်းကိုနားထောင်ဖို့တောင်းဆိုပါရစေ။👈

~~ မောင့်အသက် ~~

အချိန်အားဖြင့် ည၇နာရီမိနစ်၃၀

ဆေးရုံခန်းလေးတိတ်ဆိတ်နေပြန်တယ်။
ထူးခြားချက်ကတော့ မိသားစုအားလုံးစုံနေခြင်းနှင့် တာ၀န်ခံဆရာ၀န်အားလုံးစုံနေခြင်း။

"လူနာအတွက်အကောင်းဆုံး
ဆုံးဖြတ်ချက်ကိုချပေးလိုက်တာပါဘဲ"

သားသားအနားသို့ရောက်သွားသောဒေါက်တာ၏လက်တို့သည် အောက်စီဂျင်ပိုက်ရှိရာဆီသို့။

မိသားစု၀င်တိုင်းသည် အသံမထွက်သောငိုခြင်းနှင့်ငိုနေကြသည်။ရှိုက်သံတစ်ချက်တစ်ချက်ထွက်လာသည်မှာ ပိုင်ရှင်မည်သူမှန်းမသိအောင်ပင်။

"ခန ခနလေးပါဒေါက်တာ"

"ဟုတ်ကဲ့"

"ကျွန်တော်ကိုအချိန်နည်းနည်းပေးပါ
သားသားကသူအိပ်မပျော်တဲ့ညတွေဆို ကျွန်တော်ကိုသီချင်းဆိုသိပ်ခိုင်းလေ့ရှိတယ်
အခု နောက်ဆုံးအနေနဲ့သားသားကို ကျွန်တော်ချော့သိပ်ပါရစေ"

ဆရာ၀န်များဟာနားလည်သယောင် အလိုက်သိစွာ သားသားနားဘေးမှဖယ်ပေးကြသည်။

သားသားအနားရောက်သွားတော့ သားသားကုတင်ပေါ်မှမျက်တောင်မခတ်ကြည့်နေတယ်။
သားသားဟာဦးနှောက်သေသွားတာတောင် သူကိုမှတ်မိနေသေးတာလား။

"ဒယ်ဒီသားလေး ညအိပ်ချိန်ရောက်ပြီလေ
ဒယ်ဒီချော့သိပ်မယ်နော်"

မျက်၀န်းမှလျှံကျလာသောအရည်များကို ပါးပြင်ပေါ်သို့ဆင်းသတ်ခွင့်မပြုဘဲ့ မျက်နှာကိုအပေါ်သို့မော့လိုက်သည်။

"မောင်"

"ရှူးးး အသက် သားသားကအိပ်တော့မှာ"

Brightသူ့ပခုံးပေါ်မျက်နှာအပ်ပြီးငိုနေသောအသက်ကို နှုတ်ခမ်းပေါ်သို့လက်ညိုးလေးတင်ပြီးပြောလိုက်သည်။

"Pinky တီလေး အသက်ကိုခေါ်ပါဦး
သားသားကအိပ်တော့မှာ သားချော့သိပ်လိုက်အုံးမယ်"

"သားBrightရယ်"

"Brightရယ်
Winလာပါနော် တောင်းဆိုပါတယ်"

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Место, где живут истории. Откройте их для себя