~~ မောင့်အသက် ~~
မောင်သတိမရသေးတာ ၁ပတ်ရှိနေပြီပင်ဖြစ်သည်။
"တီလေး
မောင်ဘာလို့သတိမရသေးတာလဲဟင်
သူတို့ပြောတော့အားလုံးကောင်းနေပြီဆို""တီလေးလည်း မပြောတတ်တော့ပါဘူးကွယ် သားBrightရဲ့စိတ်နဲ့လည်းဆိုင်မယ်ထင်တယ် သူရဲ့စိတ်ဝိညဉ်ကတစ်နေရာရာမှာပျော်နေလို့ သတိမရသေးတာလဲဖြစ်နိုင်တယ်"
"ဟင်! မရဘူးနော်!
ဘယ်နေရာမှာဘဲပျော်နေနေ
မောင်ကအသက်ဆီကိုပြန်လာပြီး အသက်ပေးမယ့်လက်ဆောင်ကိုယူမယ်ကတိပေးပြီးသား အဲ့ဒါကြောင့် အသက်ရဲ့အပိုင်ဖြစ်တဲ့မောင်ကအသက်ဆီကိုပြန်ကိုပြန်လာရမယ်"ဒေါ်ကြည်ပြာခေါင်းကိုသာခါလိုက်မိသည်။ကိုယ်လေးလက်ဝန်နဲ့ပါဆိုမှ သားBrightနားကနေတစ်ဖဝါးမှမခွာဘူး မောင်သတိရလာရင်သူ့ကိုအရင်ဆုံးတွေ့စေချင်လို့တဲ့။ကလေးနဲ့သားBrightကိုအကြောင်းပြပြီး အစားတောင်မနည်းချော့ကျွေးခြောက်ကျွေးထားရတာ။
အရင်လိုPinkyသာရှိရင်အားကိုးရမှာမှန်ပေမယ့် အခုချိန်မှာPinkyကသားBrightထက်တောင်အခြေအနေဆိုးနေတာ။ရုတ်တရက် နှလုံးခုန်စက်မှတီဟုသောအသံနှင့်အတူ ဆရာဝန်နဲ့သူနာပြုများပြာယာခက်ကုန်သည်။
"မောင်" // "သားBright"
"မဟုတ်ဘူးနော် မောင်
မောင်ကတိပေးထားတယ်လေ!""စိတ်အေးအေးထားကြပါနော်
ခနလေးအပြင်မှာစောင့်ပေးကြပါ"Winတို့ဘက်တွင် >>>
မဆုံးနိုင်တဲ့ပန်းခင်းကြီးတစ်လျောက်သားသားနဲ့အတူပြေးလွှားဆော့နေမိတာ မောရမှန်းမသိအောင်ပါဘဲ။ အချိန်အကြာကြီးထွေးပွေ့ခွင့်မရခဲ့တာကံကိုဘဲအပြစ်တင်ရမလား လူတစ်စုကိုဘဲအပစ်ဆိုရမလား တွေးနေမိတာ ပန်းခင်းကြီးနားကထိုင်ခုံတစ်ခုမှာထိုင်နေရင်း....
"ဒယ်ဒီ"
"ဗျာ..."
"သားသားကိုချစ်လား"
"ချစ်တာပေါ့"
"ဒါဆို ပါးပါးကိုရော"
"ပါးပါးကိုလည်းချစ်တာပေါ့"
![](https://img.wattpad.com/cover/258860843-288-k922498.jpg)
ESTÁS LEYENDO
မောင့်အသက်\ေမာင့္အသက္ (Uni+Zawgyi)
FanficOwn story! #may_chivaaree မောင့်အသက် 19.5.2021wed