~~ မောင့်အသက် ~~
အဖြစ်အပျက်တွေအားလုံးအပြီးမှာ ကိုယ့်ရဲအိမ်နေရာကိုသာပြန်လာခဲ့တယ်။(----)မြို့ကလူများရဲ့ ဧည့်၀တ်မကျေလိုက်လို့တောင်းပန်ကြောင်းများလည်းနားထောင်ပေးခဲ့ရသေးသည်။
အိမ်မှလူများကလည်းစိတ်ပူကြသဖြင့်အတင်းပြန်ခေါ်ခြင်းကြောင့်အိမ်သို့ပြန်ရောက်လာခဲ့ပြီ။"ရှင်းစမ်းပါအုံး ဒီကိစ္စကို
ငါ့မြေးကဘယ်လိုဖြစ်လို့ပျောက်ရတာလဲ""ဟို ဟို..."
ဖြေရခက်နေသော'အသက်'ကြောင့်ကြားဖြတ်၀င်ဖြေပေးလိုက်ရသည်။
"ပြန်ပေးစွဲခံရတာပါ တီလေး"
"ပြန်ပေးစွဲတယ် ဘယ်သူလဲ? ဘယ်ကလဲ?
ဘာလိုချင်လို့လဲ?""ပြီးသွားပါပြီထားလိုက်ပါတော့တီလေးရယ်
လုပ်တဲ့သူလည်းသူ့အပြစ်သူခံနေရပါပြီ""ပြီးသွားပါပြီ! ထားလိုက်ပါတော့!
ဟုတ်လား Vachirawit!!
သူလာထိတဲ့သူက VC Groupရဲ့အမွေဆက်ခံသူနော်""ကျွန်တော်သိပါတယ် ကိစ္စတွေမရှုပ်စေချင်လို့ပါ အခုကိစ္စကိုအပြင်လူတွေမသိစေချင်တာလည်းပါလို့ပါ သားသားကိုလည်းစိတ်စွဲမကျန်စေချင်လို့ပါ သူ့ကိုလိုက်ခြောက်လှန့်နေမယ့်အရာအဖြစ်လေ"
"ရှိစေတော့Bright ဒီတစ်ခေါက်ကိစ္စကိုငါလုံး၀မကျေနပ်ဘူးဆိုတာမှတ်ထား
ဪ ဒါနဲ့Winအခုတလောခြေငြိမ်နေတယ်နော်""ဗျာ"
"အပြင်သိပ်မသွားဘူးလို့ပြောတာပါ"
"ဪ ဟုတ်...ဟုတ်ကဲ့
ခရီးပန်းနေလို့ပါတီလေး""အင်းပါ ခနလောက်ရှောင်ပေးလို့ရမလား
တီလေးBrightနဲ့သီးသန့်စကားပြောစရာရှိလို့""ဟုတ်ကဲ့ သွားခွင့်ပြုပါအုံး"
တီလေးမှာခေါင်းတစ်ချက်သာငြိမ့်ပြသည်။
မောင်ကတော့ပြုံးပြ၍သာကျန်ရစ်ခဲ့တယ်။"တီလေးပြောစရာဆိုတာက"
"ရော့"
KAMU SEDANG MEMBACA
မောင့်အသက်\ေမာင့္အသက္ (Uni+Zawgyi)
Fiksi PenggemarOwn story! #may_chivaaree မောင့်အသက် 19.5.2021wed