Part -25 ✓Uni

447 41 4
                                    

~~မောင့်အသက်~~

"တီလေးကတကယ်ဘဲWinကိုခွင့်လွှတ်နားလည်လိုက်တာလား အခုဖြစ်တဲ့ကိစ္စကသေးသေးလေးမဟုတ်ဘူးနော်"

ဤသည်မှာDew၏အမေး။

"အဲ့လိုတော့ဘယ်ဟုတ်ပါမလဲ သားရယ်
စီးပွားရေးလုပ်ငန်းမျိုးစုံလုပ်နေတဲ့သူပီသစွာ ပရိယာယ်ကြွယ်ရတာပေါ့"

ဤသည်မှာဒေါ်ကြည်ပြာ၏အဖြေ။

"ဒါဆို..."

"အင်းဟုတ်တယ် တန်ပြန်တိုက်စစ်ပဲ
သားDewရော သမီးPinkyရဲ့အကူအညီရောလိုတယ်"
"
"ဟုတ်ကဲ့တီလေး
သားတတ်နိုင်သမျှကူညီပါ့မယ်

"သမီးရောဘဲ"

"အိုကေ ပထမဆုံးBrinလေးကို
သမီးPinkyရဲ့မေမေဆီပို့ထားမယ်
ဒုတိယအနေနဲ့ ဦးမာန်၀င်းရဲ့လူယုံNaniကို တီလေးတို့ဘက်ပါအောင်စည်းရုံးရမယ်"

"Naniကိစ္စကတော့Dewကိုသာတာ၀န်ပေးလိုက်တီလေး သူကDewကိုကြိုက်နေတာ"

"Pinky!!"

"ဘာလဲ မဟုတ်လို့လား"

"ကဲထားပါ ကုမ္ပဏီတာ၀န်အချို့ကိုသမီးPinkyကူညီပေး ပြီးတော့
ဦးမာန်၀င်းရဲ့ငွေဖြူငွေမဲတရားမ၀င်လုပ်ငန်းအချို့ရဲ့ အချက်အလက်တွေကိုသေချာစုပြီး သက်ဆိုင်ရာကိုအပ်မယ်"

"အဲ့ကိစ္စအတွက်က အရာရှိDavidကကူညီပေးပါ့လိမ့်မယ် တီလေး"

"ဟုတ်ပြီ အခုကိစ္စတွေကို Brightလုံး၀မသိစေနဲ့ မင်းတို့လည်းအခုအတိုင်းဆက်ဟန်ဆောင်နေ အဓိကကသမီးPinkyဘဲ"

"ဟုတ်ကဲ့ တီလေး ဒါပေမဲ့သမီးတို့သတိထာသင့်တယ်နော် ဦးမာန်၀င်းကတော်ရုံလူမဟုတ်ဘူး သမီးကိုတောင် မေမေ့ရဲ့မွေးစားသမီးမှန်းသိနေပုံထောက်ရင်"

"အင်း တီလေးတို့ကြိုးစားကြတာပေါ့"

ကံတရားကိုအပြစ်တင်ရမှာလား ဒါမှမဟုတ် ကိုယ်တိုင်ကဘဲမှားယွင်းနေကြတာလား။သေချာတာကတော့ တစ်ချို့လူ‌ထိခိုက်လာမှာပင်။

"မောင် Brinလေးရော"

"တီလေးကအခုကိစ္စတွေကြောင့် သားသားစိတ်ရှုပ်မှာစိုးလို့ Pinkyမေမေအိမ်ပို့ထားတယ်"

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Место, где живут истории. Откройте их для себя