Part-36 ✓Uni

453 35 7
                                    

~~ မောင့်အသက် ~~
(Updat Zawgyi code tonight)

Pinky(...)Coffeeshopသို့ရောက်လာခဲ့သည်။ချောင်ကျသောနေရာမှာဖွင့်ထားသောCoffeeshopဖြစ်သည်ကို ကားပေါ်မှမဆင်းမှီခန့်မှန်းမိသည်။

ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ကာ ကားပေါ်မှဆင်းလိုက်သည်နှင့်တပြိုင်နက် ရုတ်တရက်ချုပ်နှောင်ခံလိုက်ရကာ ခေါင်းနဲ့ပါးစပ်ကိုဖိအုပ်လိုက်သောအဝတ်စတစ်ခု။ထို့နောက်အမြင်များဝေဝါးကာ အမှောင်မကျမီတွေးမိလိုက်သည်က "ဒါဟာထောင်ချောက်ဘဲ"။

-------
နားထဲမှာကြားနေရသောမီးတောက်ဖြောက်ဖြောက်သံနဲ့အတူ ‌လူအချို့၏စကားပြောသံများ။လက်တို့အားတစ်စုံတစ်ခုကချုပ်နှောင်ထားသဖြင့်လှုပ်၍မရ။မျက်လုံးကိုအားယူကာဖွင့်ကြည့်မိသည်။

"Bossသူသတိရလာပြီ"

Pinkyရှေ့ကိုရောက်လာသူကWin၏အဖေဦးမာန်ဝင်း။

"ဦးမာန်ဝင်း!"

"ဘယ်လိုလဲ Dr.Pinky
နေရတာအဆင်ပြေရဲ့လား"

"ဘာလိုချင်တာလဲ"

"ငါ့သားနဲ့Brightကွာရှင်းတာ
ပြီးတော့မင်းတို့ဆီမှာရှိနေတဲ့သက်‌သေတွေ"

"Brightနဲ့Winကွာရှင်းတာက
ကျွန်မနဲ့ဘာဆိုင်သလဲ
ပြီးတော့ဦးမာန်ဝင်းပြောတဲ့သက်သေဆိုတာဘာကိုပြောချင်တာလဲ"

"မသိချင်ယောင်ဆောင်တယ်ပေါ့
ခေါ်လာခဲ့"

သူ့ရှေ့သို့ဆွဲခေါ်ခံလာရကာ ပစ်ချခံလိုက်ရသော Davidနဲ့Nani။

"David!! Nani!!"

"သဘောပေါက်လောက်ပြီထင်ပါတယ်"

အမြင်ကပ်စရာအပြုံးနဲ့ဆိုလာသူကြောင့် Pinkyအကြံတစ်ခုရသွားသည်။

"မိန်းကလေးတစ်ယောက်ကိုအခုလို ချုပ်နှောင်ထားတာကလူကြီးလူကောင်းမဆန်တာဘဲ ပြီးတော့အခုလိုနှိပ်စက်တာတွေကလည်းဥပဒေနဲ့မလွတ်ကင်းဘူးဆိုတာသိရဲ့လား"

"လူကြီးလူကောင်းဆန်သင့်တဲ့နေရာမှာလူကြီးလူကောင်းဆန်ပြီးပြီလေ ပြီးတော့
ဒေါက်တာပြောတဲ့ဥပဒေဆိုတာ ပိုက်ဆံရဲ့လက်အောက်မှာဘဲရှိတာ"

"..."

"ရှည်ရှည်ဝေးဝေးမပြောချင်ဘူး
သက်သေတွေသာအရင်ထုတ်ပေး"

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Wo Geschichten leben. Entdecke jetzt