မောင့်အသက် Part-9
"အန်တီ Pinky အိမ်မှာရှိလားဗျ"
"ဟေ သားမသိသေးဘူးလား
သမီးလေးက နယ်ဘက်ကိုပြောင်းရွှေ့တင်ထားတာအမိန့်ကျလို့ပြောင်းသွားပြီ""သားမသိဘူး အန်တီ
ဘယ်လိုဖြစ်တာလဲ ရုတ်တရက်ကြီး""အန်တီလည်းမသိပါဘူးကွယ်
သားတို့နဲ့တခုခုဖြစ်သေးလား""ဘာလို့လဲ အန်တီ"
"ဒီမှာလေသူ့အခန်းထဲက
အမှိုက်ပုံးထဲမှာတွေ့တာ"သူငယ်ချင်းသုံးယောက်ရဲ့အမှတ်တရများအားလုံးကို အမှိုက်ပုံးထဲမှာတွေ့လိုက်ရတဲ့ခံစားချက်က ရင်ဘက်ထဲမှာအောင့်သက်သက်
နောက်ဘက်ကနေပခုံးကိုလာကိုင်သောကောင်လေးကိုလှည့်ကြည့်မိတော့"အားတင်းထားနော်"
"အင်း
အန်တီသားသူ့အခန်းကိုသွားလို့ရမလား""သွားလေသားရဲ့
အန်တီပုတီးစိပ်လိုက်အုံးမယ်
အေးဆေးနေကြနော်""ဟုတ်"×၂
အခန်းသို့သွားသောလမ်းတလျောက်ကတံဆိပ်နဲ့ဓာတ်ပုံများကိုကြည့်ရုံဖြင့် Pinky ဘယ်လောက်တော်မှန်းသိသာပါတယ်။အခန်းတံခါးမှာရေးထားတာက"Personal Area"
တဲ့။အခန်းအတွင်းကအပြင်အဆင်ကလည်းနာမည်နဲ့လိုက်အောင်ပင် ပန်းရောင်ကမ္ဘာထဲရောက်သွားသလိုပင်။စာကြည့်စားပွဲဆီတည့်တည့်မတ်မတ်လျောက်သွားတဲ့သူရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ရင်း ရုတ်တရက်မြင်လိုက်တာက ကတင်ခေါင်းရင်းတွင်တင်ထားသောသူငယ်ချင်းသုံးယောက်ပုံမှာ ဆော့ပင်များဖြင့်ခြစ်ထားခြင်း။"အဲ့လို့မဟုတ်ပါဘူး Pinkyရာ
ငါတောင်းပန်ပါတယ်"မောင့်အသံကြောင့်အနားကိုအမြန်သွားလိုက်ပြီး လက်ထဲကဒိုင်ယာရီစာအုပ်ပန်းရောင်လေးကိုယူကြည့်မိတော့ သူငယ်ချင်းသုံးယောက်ရဲ့အမှတ်တရအဖြစ်အပျက်များ
နောက်ဆုံးရေးထားတဲ့စာက📑 သူငယ်ချင်းချင်းတွေရဲ့အဆုံးသတ်ကဒီလိုဆိုရင်ငါသူငယ်ချင်းထားမိခဲ့မှာမဟုတ်လောက်ဘူး။
📑သင်ခန်းစာလို့ပြောရမလား၊နောင်ကျဉ်စေတဲ့အရာလား မကွဲပြားဘူး။ဒါပေမဲ့ ငါ့အတွက်မိသားစုပြီးရင်အခင်တွယ်မိဆုံးတွေဘဲ။
📑ငါ့သူငယ်ချင်းကိုထိလို့ဆိုပြီးပြောလိုက်မိတဲ့အရာတွေက ငါဘောင်ကျော်သွားမှန်းမတွေးမိခဲ့ဘူး။တကယ်တော့အရင်ကတည်းကသူစိမ်းတွေဘဲ နောက်လည်းမသိသလိုနေရတာခက်မှမခက်တာ။
📑ငါ့ကိုဘာလို့ဆရာ၀န်လုပ်တာလဲမေးတဲ့နင့်တို့နှစ်ယောက်ရဲ့မေးခွန်းကိုဒီစာအုပ်ရဲ့နောက်ဆုံးအဆုံးသတ်အနေနဲ့ငါဖြေမယ်
📑ဘာလို့လဲဆိုတော့နင်တို့ကြောင့်ဘဲလေ Bright နဲ့ Dew ဆိုတဲ့နင့်တို့နှစ်ယောက်ကြောင့်
ခနခနနေမကောင်းဖြစ်တတ်တဲ့ Dew ရယ်
နဂိုရောဂါခံရှိတဲ့ Bright ဆိုတဲ့နင်တို့နှစ်ယောက်ကြောင့်ပေါ့ နင်တို့ကိုဆေးကုပေးချင်လို့။
ငါ့သူငယ်ချင်းနှစ်ယောက်ကိုကျန်းကျန်းမာမာနဲ့အသက်ရှည်စေချင်လို့။
အသက်အရွယ်တွေအပြင်ဆက်နွယ်လာတဲ့ဆက်ဆံရေးတွေအရငါကနင်တို့ရဲ့အပြင်လူဖြစ်သွားရတာကိုတော့စိတ်မကောင်းဘူးပေါ့ဟာ။ငါမရှိရင်ကို့ကျန်းမာရေးကိုဂရုစိုက်ကြ ။
နင်တို့မလိုအပ်တဲ့ငါ့ကိုလိုအပ်နေတဲ့လူနာတွေရှိတယ် အဲ့တော့ငါ့လူနာတွေအတွက်ဘဲ ဆရာ၀န်လုပ်တော့မယ်❣️ပြောစရာစကားတွေမဲ့သွားတဲ့ခံစားချက်ကိုသိလောက်မယ်ထင်တယ်။ဆရာ၀န်ဖြစ်ချင်ခဲ့တာနေမကောင်းဖြစ်တတ်လွန်းတဲ့သူငယ်ချင်းတွေကြောင့်ပေါ့။မပျက်စီးသွားသင့်တဲ့ Friendship လေး။
"မင်းတို့ကျေနပ်ပြီမလား BrightWin"
အခန်းတံခါး၀တွင်သူ့တို့ကို စူးစိုက်ကြည့်နေတဲ့ကောင်လေးတယောက်
"Dew"
"Bright မင်းတော်တယ်သိလားသူမသွားခင်ကလေ မင်းကသူ့ကိုအော်တယ်ဆိုတဲ့အကြောင်းဘဲပြောပြီးငိုနေခဲ့တာ
အပြင်လူဆိုတာ အပြင်လူအတိုင်းဘဲနေသင့်တာပေါ့တဲ့ ငါ့ကိုလည်း နင်လည်းပိုင်တဲ့သူရှိလာရင် Bright အတိုင်းဘဲငါ့ကိုအပြင်လူလို့သတ်မှတ်မှာဘဲမလားတဲ့ အဲ့တာကြောင့်သူကိုသူငယ်ချင်းမလုပ်ပါနဲ့တဲ့
မင်းအရမ်းသိပ်ကိုတော်တယ် Pinky လိုလူမျိုးကိုငိုအောင်လုပ်နိုင်တာ""မဟုတ်ဘူး Dew ငါပြောချင်တာက"
"မင်းရဲ့ရွေးခြယ်မှုကိုမင်းပြလိုက်တာလေ
မင်းရဲ့ရွေးခြယ်မှုကမင်းအတွက်မျက်ရည်မကျပါစေနဲ့ကွာ မင်းသိထားငါမင်းနောက်မှာအမြဲရှိတယ် လိုအပ်လာရင်လှည့်ကြည့်လိုက်ပါ"---------------
"Win ငါမမှားဘူးမလား""အေး မင်းမမှာဘူး ငါမှားတာ
Friendshipတခုငါ့ကြောင့်ပျက်စီးသွားပြီ""အဲ့လိုမဟုတ်ပါဘူး အခုချိန်ကသွေးဆူနေတုန်းမလို့ပါ နည်းနည်းလောက်ကြာရင်အဆင်ပြေသွားမှာပါ"
"အင်း ကျေးဇူး ငါ့ကိုစိတ်မပျက်လို့"
{ အချစ်ဆိုတာ ချစ်နေရုံလေးနဲ့မပြီးဘူး }
To be continued.....
✓Fic Characterများအနေနဲ့ဘဲမြင်ပေးကြပါ
✓ 🙏🏻Please vote 🌟
![](https://img.wattpad.com/cover/258860843-288-k922498.jpg)
أنت تقرأ
မောင့်အသက်\ေမာင့္အသက္ (Uni+Zawgyi)
أدب الهواةOwn story! #may_chivaaree မောင့်အသက် 19.5.2021wed