~~ မောင့်အသက် ~~
အဆင့်အတန်းမြင့်မြင့်Coffeeဆိုတစ်ခု၏ ထောင့်ကျကျဝိုင်းတစ်ခုတွင် မျက်နှာချင်းဆိုင်ထိုင်နေသော ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်။
"ဘာကိစ္စလဲ ငါအားမနေဘူး
မြန်မြန်ပြော""အိုးဟိုး Mr.Bright
ကျွန်မဆိုတဲ့Primကလည်း
အားမနေပါဘူးနော်
ရှင့်ကိုချိန်းတာလည်း
မပြောမဖြစ်တာတွေရှိနေလို့""မပြောမဖြစ်တာ ဟုတ်လား
ဆိုစမ်းပါဦး နားထောင်ကြည့်ရအောင်လို့""ကျွန်မမှာကိုယ်ဝန်ရှိနေပြီ"
Bright၏မျက်ခုံးတစ်ဖက်ပင့်တက်သွားသည်။
"အဲ့တော့"
"ကိုကို့ကိုကွာရှင်းပေးပါ"
"Why?"
"ရှင်လည်းသိမှာပါ ကျွန်မနဲ့ကိုကိုဘယ်အချိန်အနေထိရောက်ခဲ့လည်းဆိုတာ
အဲ့တော့ဒီကိုယ်ဝန်ကို
ကိုကိုတာဝန်ယူဖို့ရှင်နဲ့ကွာရှင်းရမယ်လေ""Woow...မင်းစကားလုံးတွေသိပ်လှတယ်
ဒါပေမယ့်လေ ဘယ်လိုလုပ်မလဲ
ငါကကွာရှင်းမပေးနိုင်ဘူး""..."
"မင်းသေချာရဲ့လား
ဒီကိုယ်ဝန်ကWinရဲ့ကိုယ်ဝန်ဆိုတာ
ငါသိရသလောက်တော့
မင်းပတ်သတ်ဖူးတဲ့ယောက်ျားက
Winတစ်ယောက်ထဲတင်မဟုတ်ဘူးနော်""ရှင်!!..."
Primမတ်တပ်ရပ်ကာ စားပွဲပေါ်တွင်ရှိနေသော ဖန်ခွက်ထဲမှာရေဖြင့်Bright အားပတ်လိုက်သည်။
Brightဒေါသထွက်နေသော Primမျက်နှာကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
"အဟက်...အနာပေါ် တုတ်ကျသွားတာလား"
Prim၏လက်တစ်ဖက်သည် လေပေါ်သို့မြောက်တက်သွားသည်။
ငါ့ပါးကိုရိုက်မယ်ပေါ့။
သိပ်ရီရတယ်မိန်းကလေး။
နောက်အကျိုးဆက်ကိုခံနိုင်ရှိပါစေနော်။Brightမလွှဲရှောင်ဘဲမျက်လုံးကိုစုံမှိတ်ချသည်။
ထိုအခိုက်...တစ်စုံတစ်ယောက်သူတို့ဘေးသို့ရောက်လာသောခြေသံနှင့်အတူ
ဖြောင်း!!
အသံသာကြားရပြီးရောက်မလာသောနာကျင်မှုကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။
![](https://img.wattpad.com/cover/258860843-288-k922498.jpg)
VOCÊ ESTÁ LENDO
မောင့်အသက်\ေမာင့္အသက္ (Uni+Zawgyi)
FanficOwn story! #may_chivaaree မောင့်အသက် 19.5.2021wed