Part-8 ✓Uni

555 46 1
                                    

မောင့်အသက် Part-8

"Bright မင်းအဆင်ပြေရဲ့လား
မင်းဘာမှဖြစ်လို့မရဘူးနော်
မင်းကငါရဲ့အနာဂတ်နော်"

လဲကျနေသောကောင်လေးကို ပွေ့ချီပြီးဆေးရုံသို့ခေါ်ဆောင်လာခဲ့တယ်။အတွေးပေါင်းသောင်းခြောက်ထောင်အပြင်ကို့ကိုယ်ကိုလည်းအပြစ်တင်လို့မဆုံးဖြစ်ရတယ်။

*မင်းကိုဒီအခြေအနေဖြစ်တဲ့အထိပစ်ထားမိလို့တောင်းပန်ပါတယ် ငါ့အနာဂတ်ရယ်
မင်းဘာမှဖြစ်လို့မရသလို နောက်ထပ်ဘာမှလည်းအဖြစ်မခံတော့ဘူး*
------------

"ဟဲ့ ဟဲ့ Dew သူ သူကဘယ်လိုဖြစ်တာ
တကိုယ်လုံးလည်းစိုရွှဲလို့ သွေးရောင်လည်းတစက်မှမရှိတော့ဘူး သွေးခုန်နှုန်းလည်းမမှန်တော့ဘူးဟ ငါကိုပြောစမ်းသူဘာဖြစ်တာလဲ"

"Pinky နောက်မှပြောပြမယ်ဟာ အခုတော့သူ့ကိုအမြန်ကြည့်ပေးအုံး"

"အေး အေး အခုတော့ငါကိုတခုကူညီ
သူ့အ၀တ်အစားတွေကို ဆေးရုံ၀တ်ဆုံလဲပေး"

"အေး အပြင်မှာစောင့်နေလိုက်ပြီးရင်ငါခေါ်လိုက်မယ်"

"‌အင်း"
____________
"တော်သေးတာပေါ့ နည်းနည်းလေးတာထပ်နောက်ကျရင် ပြသနာတက်တော့မလို့
အခုဘယ်လိုဖြစ်တာလဲပြောလို့ရပြီလား"

"မနေ့ညက Win ကသူ့ကိုအပြစ်ပေးတယ်လို့ထင်တာဘဲ တညလုံးမိုးရေထဲမှာ ငါစောင့်ကြည့်နေတုန်းကပြန်၀င်သွားမယ်ထင်နေတာ
မနက်ငါရောက်သွာတော့အခုလိုတွေ့တာဘဲ"

"သူတို့ကဘယ်လိုဖြစ်တာလဲ
အချင်းချင်းအဆင်ပြေတယ်
ချစ်တယ်မဟုတ်ဘူးလား"

"နင်မသိသေးတာတွေရှိသေးတယ်"

"ငါမသိသေးတာလား ထားပါ
Win က Bright မိုးရေထိရင်ဖျားတတ်တာမသိဘူးလား ပြီးတော့အခုအဖျားကနည်းနည်းပြင်းတော့ သူ့ရောဂါပြန်ထလာမှာကိုငါစိတ်ပူတာ"

"သိဖို့နေနေသာသာ မနေ့ညကနောက်ကျမှBarကနေပြန်လာတာ"

"နောက်မှအဲ့ကိစ္စငါနဲ့ရှင်းအုံးမယ်
နင်ရောအခုထိ Brightကိုစောင့်နေတုန်းလား"

"အင်းးးး ထားပါ
ငါသူ့တီလေးကိုဖုန်းဆက်ထားတယ်
ခနနေရောက်လိမ့်မယ်"

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Место, где живут истории. Откройте их для себя