မောင့်အသက် Part-6
"Pinky သူ သူအဆင်ပြေရဲ့လား"
"အခုတော့အဆင်ပြေသွားပါပြီ
ဆေးသွင်းထားလို့အိပ်ပျော်နေပြီ
ငါပြောထားမယ်နော် Winကစိတ်ဖိစီးမှုရလို့မဖြစ်ဘူး ကိုယ်၀န်ကပိုပြီးလရင့်လာပြီ
ယောင်္ကျားလေးလေးကိုယ်၀န်ဆိုတော့ပိုပြီးဂရုစိုက်ပေး""အေးပါ ကျေးဇူးဘဲ
ငါအခုသူဆီသွားလို့ရပြီလား""အေးရပြီ ခနနေမှငါထပ်လာပြီး
စစ်ဆေးဆေးပေးမယ်"ဆေးရုံကုတင်ပေါ်တွင် အိပ်ပျော်နေသောကောင်လေးရဲ့မျက်နှာမှာဖြူဖက်ဖြူရော့
သူသိတာပေါ့ Dewနဲ့ထိုကောင်လေးရဲ့အသံတိတ်တိုက်ပွဲကို မသိချင်ယောင်နေပေးရထားတာ။တဖက်ကလည်းငယ်သူငယ်ချင်း တဖက်ကလည်း ကိုယ်ချစ်ရတဲ့သူ ဘယ်သူ့ဘက်ကိုလိုက်လိုက် တဖက်အတွက်မကောင်းဘူးဆိုတာသူသိနေတယ်လေ။ဒါပေမဲ့သူမသိချင်ယောင်ဆောင်နေလိုက်လို့ ထိုကောင်လေးအဲ့လို့ဖြစ်သွားမယ်လို့လုံး၀မထင်ခဲ့မိဘူး အားနာမိတယ်၊၀မ်းနည်းမိတယ်၊စိတ်မကောင်းဖြစ်မိတယ်။တောင်းပန်ပါတယ်ဆိုတဲ့စကားကိုသာ အကြိမ်ကြိမ်ပြောရင်း ချစ်ရသူရဲ့လက်ကိုပြီးကိုင်သာငိုမိတယ်။"Bright ဘာလို့ငိုနေတာလဲ
ငါဘာမှမဖြစ်တော့ပါဘူး""ငါတောင်းပန်ပါတယ်"
"မင်းကဘာကိုတောင်းပန်တာလဲ"
"မင်းကိုDewပြောတဲ့အရာအားလုံးအတွက်ပြီးတော့ ငါဘာမှ၀င်ပြောမပေးနိုင်တဲ့အတွက်"
"ရပါတယ် ဘာမှမဖြစ်ပါဘူး
ငါဘာမှမခံစားရပါဘူး ငါတို့ကချစ်လို့ယူထားတာမှမဟုတ်တာ မင်းလည်းမင်းလွတ်လပ်ခွင့်နဲ့မင်းပေါ့ မဟုတ်ဘူးလား""ဒါပေမဲ့..."
"ငါဗိုက်ဆာပြီ Bright
ခုနကစားထားတာသိပ်မ၀ဘူး""မင်းဘာစားချင်လဲ"
"အဆင်ပြေတာတခုခုပေါ့"
"ငါသွား၀ယ်ပေးမယ် ခနစောင့်နော်"
"အင်း"
မနက်ခင်းပိုင်းအခြေအနေနဲ့အခုအခြေအနေဟာလုံး၀ကိုကွာခြားသွားပြီ။မနက်ကကြောင်တစ်ကောင်လိုကပ်ချွဲနေတဲ့ကောင်လေးကသူစိမ်းဆန်သွားသလို့ ကြည်တောက်နေတဲ့မျက်၀န်းများဟာလည်းမှေးမှိန်လို့ သူအတတ်နိုင်ဆုံးကြိုးစာပြီးဖြောင့်ဖျတောင်းပန်သော်လည်းမရ....
ESTÁS LEYENDO
မောင့်အသက်\ေမာင့္အသက္ (Uni+Zawgyi)
FanficOwn story! #may_chivaaree မောင့်အသက် 19.5.2021wed