~~ မောင့်အသက် ~~
ဒီနေ့မနက်ခင်းက မောင်ခရီးသွားပြီးနောက်ပိုင်းထူးထူးခြားခြား လုံခြုံတယ်လို့ခံစားရပြီးအိပ်ယာမထချင်တဲ့နေ့။
မောင့်ရဲ့ရင်ငွေ့ကိုလည်းခံစားရတယ်။သူ့ရဲ့အောက်စီဂျင်ဖြစ်တဲ့မောင့်ရဲ့ကိုယ်သင်းနံ့ကလည်း နှာခေါင်းဖျားမှအဆုပ်ထိရောက်အောင်ရူရှိုက်မိသည်ထိ နီးကပ်စွာရနေတယ်။
မဟုတ်မှလွဲ မောင်များပြန်ရောက်နေပြီလား။ခါးမှတစ်စုံတစ်ယောက်ရဲ့ထိတွေ့ပွေ့ဖက်မှုကြောင့် မျက်လုံးကိုအားယူဖွင့်ကြည့်လိုက်တဲ့အခိုက်မှာ
"မောင်"
ဟုတ်ပါသည်။
သူအရမ်းလွမ်းနေခဲ့ရပါသောလူသားပါပင်။"နိုးပြီလားအသက်"
"မောင် မောင်ဘယ်တုန်းကပြန်ရောက်တာလဲ
ငါအရမ်းလွမ်းနေခဲ့တာ၊ ဒါငါအိမ်မက် မက်နေတာတော့မဟုတ်ပါဘူးနော်"ပြောလည်းပြော ငိုလည်းငို တင်းကြပ်စွာဖက်ပြီး ရင်ခွင်ထဲသိုတိုးဝင်လာသောကောင်လေးရယ်ပါ။
"မောင်မနက်စောစောဘဲပြန်ရောက်တာ
အသက်ကအိပ်နေသေးတာမလို့
မနိုးဘဲဘေးမှာဝင်အိပ်လိုက်တာ
အိပ်မက်မဟုတ်ပါဘူးအသက်ရယ်
မောင်လည်းအရမ်းလွမ်းနေတာ""ပြောတော့တစ်ပတ်ဆယ်ရက်တဲ့
ဘာလို့တစ်လကျော်နေရတာလဲ""ဟိုကအလုပ်တွေကမပြီးပြတ်လို့ပါကွာ"
"မောင်မကောင်းတဲ့ဘူး
သူများကိုတစ်လကျော်တောင်ပစ်ထားတယ်
ဖုန်းလည်းမဆက်ဘူး
အချိန်မှန်လည်းစာမပို့ဘူး""ဟုတ်တယ်မောင်မကောင်းဘူး
မောင်တောင်းပန်ပါတယ်အသက်ရယ်
မငိုနဲ့တော့နော်လိမ်မာတယ်
မောင့်အချစ်ဆုံးလေး""အင်းငါမငိုတော့ဘူး
ငါလိမ်လည်းလိမ်မာမယ်
မောင့်ပြောစကားလည်းနားထောင်မယ်
မောင့်ကိုအရင်ကထက်လည်းပိုချစ်မယ်""ဟုတ်ပါပြီဗျာ
ပိန်သွားတယ်နော်အသက်
အစားအသောက်ပုံမှန်မစားဘူးမလား""ဟီးး စားပါတယ်မောင်ကလည်း
အများကြီးတော့မစားဘူးပေါ့""ဖြစ်ရမယ်အသက်ကတော့
အခုထတော့ နေတောင်တော်တော်မြင့်နေပြီ"
BẠN ĐANG ĐỌC
မောင့်အသက်\ေမာင့္အသက္ (Uni+Zawgyi)
FanfictionOwn story! #may_chivaaree မောင့်အသက် 19.5.2021wed