~~ မောင့်အသက် ~~
"Brightဦးမာန်ဝင်းနဲ့ပတ်သတ်တဲ့
တရားမဝင်လုပ်ငန်းတွေရဲ့
သက်သေတွေငါရလာပြီ""အင်း ကျေးဇူးသူငယ်ချင်း
ညနေတွေ့မှပြောကြတာပေါ့"Pinky၏Messageကိုဖတ်ပြီးReplyပြန်ကာ ဖုန်းကိုအိပ်ယာဘေးကစားပွဲပေါ်တွင်ပြန်တင်ထားလိုက်သည်။
ရင်ခွင်ထဲမှာအိပ်နေသောအသက်မှာ သူ့အားပို၍တိုးဖက်လာသည်။"အသက် နိုးရင်ထတော့"
"အွန်း မောင်ကလည်း မထချင်သေးပါဘူး
ဒီအတိုင်းလေးဘဲအိပ်ချင်သေးတယ်"ပြောပြီးရင်ခွင်ထဲတိုးကာပိုတိုးဖက်လာသည်။
"ကုမ္ပဏီကနောက်ကျနေလိမ့်မယ်လေ
ပြောတော့အရေးကြီးတဲ့meetingရှိတယ်ဆို""အင်း အဲ့ဒါက
မောင်လောက်မှအရေးမကြီးတာ"အတန်ကြာတိတ်ဆိတ်သွားသောအခန်းအတွင်း ဖုန်းသံတစ်ခုမှာဆက်တိုက်ကြားနေရသည်။
"အသက် မသွားလို့မဖြစ်ဘူးထင်တယ်
ဖုန်းတွေဒီလောက်ဆက်တိုက်ခေါ်နေတာ"ဖုန်းကိုယူကာ Power offလိုက်သည်။
"အသက်အရေးကြီးနေရင်ဘယ်လိုလုပ်မလဲ"
"ပြောပြီးပြီလေ
မောင်လောက်အရေးမကြီးပါဘူးဆို
မောင်နဲ့အခုလိုမနေရတာကြာပြီ"မောင့်နှုတ်ခမ်းနားကိုတဖြည်းဖြည်းကပ်သွားသည့်အခိုက်
ဒေါက် ဒေါက် (တံခါးခေါက်သံ)
"အကိုလေးBright အကိုလေးWin
ဧည့်သည်ရောက်နေပါတယ်"စိတ်ပျက်သလိုဖြစ်သွားသောအသက်မျက်နှာကိုကြည့်ပြီး ရယ်ချင်စိတ်ကိုထိန်းကာ
နှာခေါင်းလေးကိုဖြစ်ညစ်လိုက်ပြီး ပါးလေးကိုခပ်ဖွဖွနမ်းလိုက်တယ်။"ဟုတ်ကဲ့ ကျွန်တော်တို့လာခဲ့ပါ့မယ်"
"မောင်....."
အသံရှည်စွဲကာခေါ်ပြီးအသက်ချွဲပါပြီ။
"မရဘူးထတော့ လာ မောင်ချီမယ်"
လက်ဆန့်တန်းပေးတော့ရင်ခွင်ထဲတိုးဝင်လာသည့် ကောင်လေးကိုချီကာ ရေချိုးခန်းဆီသို့ဦးတည်လိုက်သည်။
![](https://img.wattpad.com/cover/258860843-288-k922498.jpg)
ESTÁS LEYENDO
မောင့်အသက်\ေမာင့္အသက္ (Uni+Zawgyi)
FanficOwn story! #may_chivaaree မောင့်အသက် 19.5.2021wed