Part-15 ✓Uni

497 39 1
                                    

Shopping Mallထဲတွင် Family couple အကျီရွေးနေကြသောမိသားစုအား ကြည့်နေကြသော မျက်လုံးများမှာအားကျခြင်းများနှင့်အတူ နှုတ်ဖျားများမှလည်း

"ဟယ် ကမ Semeကြီးကချောလိုက်တာ
Ukeလေးကလည်းချစ်စရာလေး"

"ကလေးလေးကလည်း နှစ်ယောက်လုံးရဲ့ချောမောမှုတွေကိုအမွေရထားတာ!!"

"ဒယ်ဒီ ဒယ်ဒီ"

"ပြောလေသားသား"

"ဟိုနားကအမကြီးတွေကပြောနေတယ်"

"ဘာပြောလို့လဲသားသားရဲ့"

"အဖေနှစ်ယောက်ကိုမရနိုင်နိုင်မှန်းသိတဲ့အတူတူ သားကိုဘဲမှန်းကြတာပေါ့တဲ့"

အကျီစိတ်ကြိုက်‌ရွေးနေတဲ့Winက

"ဘယ်သူပြောတာလဲ အဲ့ဒါ"

"ဟိုဆိုင်ရှေ့ကချောင်းကြည့်နေတဲ့အမကြီးတွေပြောတာပါးပါး"

Brinလေးညွန်ပြတဲ့ဆိုင်ရှေ့ကိုကြည့်ပြီး ဘီလူးမျက်စောင်းများပို့လွတ်ရင်း ဆူအောင့်အောင့်အသံဖြင့်

"သူတို့ကများရာရာစစ အဖေတွေကိုမရနိုင်မှန်းသိတဲ့အတူတူသားကိုဘဲမှန်းမယ်တဲ့ ဟွန့်
အဖေတွေရရင်မှန်းချင်သေးကြတဲ့သဘော"

"အသက်ကသ၀န်တိုနေတာလား"

"အင်းဟုတ်တယ် မောင်တို့သားအဖကိုဘယ်သူမှ စကားနဲ့မပြောနဲ့ မျက်လုံးနဲ့ရိသဲ့သဲ့လုပ်တာတောင်မကြိုက်ဘူး"

"ဟုတ်ပါပြီဗျာ အသက်၀ယ်ပြီးရင်သွားရအောင်လေ"

"အင်း"

အသက်လက်ထဲမှအထုတ်တချို့ကိုလက်ပြောင်းယူလိုက်ပြီး နောက်ပြန်အလှည့်မှာကောင်လေးတစ်ယောက်နဲ့တိုက်မိသွားတယ်။

"ဆောရီးညီ အကိုမမြင်လိုက်လို့"

တိုက်မိသွားသောကောင်လေးမှာBrightအား မျက်တောင်မခက်ဘဲငေးကြည့်ပြီး စကားပြန်ပင်မရ။
Winလက်ဖျောက်တစ်ချက်ထိုကောင်လေးမျက်နှာရှေ့မှာတီးလိုက်မှ သတိပြန်၀င်လာတယ်။

"အဆင်ပြေပါတယ် အကို ဒါပေမဲ့"

"ဒါပေမဲ့ဘာဖြစ်လို့လဲ"

"ကျွန်တော်နှလုံးသားကိုတော့အကိုကယ်မှရတော့မယ်"

"ငင့်"

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Where stories live. Discover now