Part-39 ✓Uni

467 20 3
                                    

~~ မောင့်အသက် ~~

"Brightမင်းသတိရလာပြီ...တီလေးပြောလို့"

တံခါးကိုတွန်းဖွင့်ကာဝင်လာသူDewမှာဝမ်းသာလွန်း၍အသံကျယ်သွားသဖြင့် ကုတင်ပေါ်မှာအိပ်ပျော်နေသောအသက်ကိုရင်ခွင်ထဲထည့်ဖက်ထားရင်အသံတိုးဖို့နှုတ်ခမ်းပေါ်လက်ညိုးတင်ပြကာ အသံတိုးဖို့ထိန်းလိုက်ရသည်။

"ရှူးး🤫"

"အာာာ ဆောရီး
သက်သာရဲ့လား ဘယ်လိုနေ‌သေးလဲ
အဆင်မပြေတဲ့နေရာရှိလား"

"အင်း ငါသက်သာပါတယ်Dewရာ ဖြေးဖြေးမေးပါကွ!"

"ဟီးးအေးပါ ငါကစိတ်ပူလို့ပါ"

"အေးပါငါသိပါတယ် ဒါနဲ့Pinkyရော"

"အင်း အခြေအနေကပြောမရသေးဘူးကွ
ကိုမာဖြစ်သွားနိုင်တယ်ပြောတယ်"

"ငါPinkyကိုတွေ့ချင်တယ်"

"အခုတော့မဖြစ်သေးဘူးလေ မင်းလည်းအခုမှသတိရတာလေ အနားယူပါဦး ပြီးတော့Winကလည်းရှိသေးတယ်မလား"

ရင်ခွင်ထဲကအသက်ကိုငုံကြည့်လိုက်မိသည်။

"မနက်စောစောကျမှငါလာခေါ်ပေးမယ်"

"အေးပါ"

"ငါပြန်တော့မယ် သွားစရာလေးရှိနေသေးလို့"

Brightခေါင်းငြိမ့်ကာပြလိုက်သည်။

Dew Bright၏အခန်းမှထွက်လာကာ vibratingလုပ်ထားသဖြင့် ဆက်တိုက်တုန်ခါနေသောဖုန်းကိုထုတ်ကြည့်လိုက်တော့ "Ko Ko💞"တဲ့။

-------------------

Winနိုးလာတော့ ဆေးရုံကုတင်ပေါ်တွင်အိပ်နေတာကိုသတိထားမိလိုက်သည်။ သူအိပ်ပျော်သွားတုန်းကမောင့်ရင်ခွင်ထဲမှာမဟုတ်လား။ နာရီကိုကြည့်မိတော့ 8:30AMရှိနေပြီပင်။

*အိပ်မက်များလား မဖြစ်နိုင်ပါဘူး
ငါသေချာပေါက်မောင့်ရင်ခွင်ထဲမှာအိပ်ပျော်သွားခဲ့တာပါ*

"မောင်....မောင်ရေ...မောင်လို့"

အခန်းအနှံ့ပတ်ရှာသော်လည်းမောင့်အရိပ်အယောင်ကိုပင်မတွေ့ရပေ။ ထိုစဉ်အခန်းအတွင်းသို့ဝင်လာသော Nurseတစ်ယောက်

"Nurse ဒီအခန်းကလူနာရော..."

"ရှင်!! ဟိုဟို..."

"ဟာ...ကျစ်!!!"

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Donde viven las historias. Descúbrelo ahora