Part-11 ✓Zawgyi

266 12 1
                                    

မောင့်အသက် Part-11

နေမကောင်းသောသူ့အနားတွင် တချိန်လုံးရှိနေသောကောင်လေးကြောင့် အားတက်မိပေမဲ့မနေ့ညကမြင်ကွင်းကိုလည်း မစဉ်းစားချင်ဘဲပြန်စဉ်းစားမိနေတယ်။

"Brightဘာလို့ငါ့ကိုကြည့်နေတာလဲ
ပြောစရာရှိလို့လား"
"အင်းး သားသားနဲ့လိုက်လျောညီထွေဖြစ်အောင်နေပေးပ့လား Win"

"ဒီထက်ပိုပြီး
လိုက်‌လျောညီထွေဖြစ်အောင်
နေပေးရအုံးမှာလား"

"ကိုပြောချင်တာက
သားသားကိုမရှောင်ပါနဲ့လား
အရှိအတိုင်းလေးဘဲနေပြီး
ဂရုစိုက်မှုလေးပြပေးပ့လား"

"ငါဟန်မဆောင်တတ်ဘူး Bright"

"ကိုက ဟန်ဆောင်ခိုင်းတာမဟုတ်ဘူးလေ
အရှိအတိုင်း Winရဲ့စိတ်ထဲကခံစားချက်အတိုင်းကိုပြောတာ"

"ငါကြိုးစားကြည့်မယ်"

"ပြောစကားနားထောင်တာကောင်းတယ်"

ဆံပင်အချို့ကိုညင်သာစွာဖွပေးရင်းပြောတော့ ထိုကောင်လေးကပြုံးကြည့်ပြီး ရင်ခွင်ထဲတိုးဝင်လာတာကြောင့်

"Win အဖျားကူးလိမ့်မယ်"

"ကူးပါစေ ငါဒီလိုလေးနေချင်တယ်
ငါကိုပြန်ဖက်ထားပေး"

"စိတ်ညစ်စရာလေး"

"ငါ့ကိုများစိတ်ညစ်စရာလေးတဲ့
မင်းကရောဘာထူးလို့လဲ"

"😄"

"ဘာရီတာလဲ"

"သဘောကျလို့
မင်းရဲ့စွာတေးလန်တဲ့ပုံစံလေးကို"

"ငါလည်းသဘောကျတယ်"

"ငါသဘောကျတာကိုလား"

"ဟင့်အင်း မင်းလူကြီးဆန်တာကို"

"အင်းး"

စကားလုံးတို့ကိုရှေ့မဆက်တော့တဲ့ ရင်ဘက်ကိုခိုးနမ်းတဲ့ကောင်လေးနဲ့ ဆံသားများကိုခိုးနမ်းတဲ့ကောင်လေးနှစ်ယောက်တယောက်ကိုတိုးဖက်ပြီး ပတ်ဝန်းကျင်ကိုလျစ်လျူရှုထားကြတယ်။ထိုမြင်ကွင်းကိုမြင်ရတဲ့ကောင်လေးကတော့ နာကျင်ရပေမဲ့အတတ်နိုင်ဆုံးပြုံးပြီးလာရာလမ်းကိုလှည့်ပြန်ခဲ့တယ်။

*ငါ့ရဲ့အနာဂတ်က သူ့ရဲ့အနာဂတ်နဲ့ပျော်ရွှင်နေတာဘဲ မင်းပျော်ရင်ငါလည်းပျော်ပေးပ့မယ်
နာကျင်ပေမဲ့ပေါ့ ငါဝယ်လာတဲ့အားဆေးနဲ့စားစရာတွေက မင်းအတွက်မလိုအပ်လောက်ဘူးထင်ပါတယ် မင်းမှာဒီထက်ပိုကောင်းတာရှိနေပြီမလား🙂*

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Donde viven las historias. Descúbrelo ahora