💜1

2.7K 125 4
                                    


Unicode

Seoul မြို့ လူချမ်းသာတွေသာ နေထိုင်သော ရပ်ကွက်အတွင်းရှိ ကြီးမားလှပသော အိမ်ရှေ့တွင် ပြိုင်ကားလေးတစ်စီး ထိုးရပ်လာသည်။ပြိုင်ကားပေါ်က ဆင်းလာသည်က အရပ်မြင့်မြင့် နဲ့ ယောကျ်ားပီသကာ ချောမောခန့်ညားသော မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ 20 နှစ်အရွယ်ကောင်လေးတစ်ဦး။ ထိုကောင်လေးရဲ့ ခြေလှမ်းတွေ ဦးတည်ရာက ကြီးမားလှပသော အိမ်ကြီးဆီသို့...။ အိမ်တော်ထိန်းကြီး၏ တံခါးဖွင့်ပေးမှုဖြင့်အိမ်ထဲသို့ရောက်သော် ဧည့်ခန်းထဲတွင် ပန်းအလှထိုးနေသော Taehyung ရဲ့မိခင် ဖြစ်သူကို သူတွေ့လိုက်ရသည်။

"အန်တီ ကြည့်ရတာ Taehyung မနိုးသေးဘူးထင်တယ်"

သူလာတာကို သိဟန်မတူတာကြောင့် သူကပင် စတင်ကာ စကားပြောဆိုလိုက်သည်။ သူ့အသံကြားမှ Taehyung မေမေ ကခေါင်းမော့ကြည့်လာကာ

"သြော်..Jungkook သားလေးတောင်ရောက်လာပြီလား သားသူငယ်ချင်းအကြောင်းလဲ သိသားနဲ့ အန်တီနှိုးတော့ထားတာပဲ ဒါပေမယ့် နိုးဦးမယ် မထင်ဘူး သားအပေါ်တက်သွားလေ သွား"

"ဟုတ် ဒါဆို ကျွန်တော်ကိုခွင့်ပြုပါဦး"

"ဟုတ်ပါပြီကွယ်"

လှေကားထစ်လေးတွေအတိုင်း အပေါ်သို့တက်လာရာ အခန်းတစ်ခန်းရှေ့အရောက် ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး သက်ပြင်းအသာချကာ အနည်းငယ်မူမမှန်ချင်နေတဲ့ ရင်ခုန်သံတွေကို မနည်းထိန်းချုပ်လိုက်သည် ။ တံခါးလက်ကိုင်ကို လှည့်ပြီး အခန်းထဲဝင်ဝင်ခြင်းပင် ခေါင်းအုံးလေးကို ဖက်ကာ ကွေးကွေးလေးအိပ်နေပါသော  ကောင်လေးကို သူတွေ့လိုက်သည် ။ အနားကို ချက်ချင်းမသွားသေးပဲ တံခါးလေးကို အသာပြန်ပိတ်လိုက်သည်။ ဆူညံသံ တစ်ခုခုကြောင့် ကုတင်ပေါ်က ကောင်လေး အိပ်ရေးပျက်သွားမည့်အဖြစ်မျိုးကို သူအဖြစ်မခံနိုင်ပါ....။ အပြစ်ကင်းစွာ အိပ်မောကျနေသော ထိုကောင်လေးကို မြတ်နိုးစွာ ငေးကြည့်နေမိသည်မှာ ကုတင်ပေါ်က ခန္ဓာကိုယ်လေး လှုပ်လှုပ်ရွရွ ဖြစ်လာမှ အကြည့်ကိုချက်ခြင်းလွှဲ ကာ မျက်နှာထားကိုပြင်မိသည်အထိပင်။ထို့နောက်မှ

FEARWhere stories live. Discover now