Unicode
(ဟင်...ခုဏက ကစားကွင်းထဲ ဝင်သွားတာ Taehyung နဲ့ Jungkook မလား)
Min Yuri တစ်ယောက် ထိုကစားကွင်းရှေ့မှ ဖြတ်သွားစဥ် လက်ချင်းတွဲကာ ကစားကွင်းထဲဝင်သွားသော Taehyung နဲ့ Jungkook ကိုတွေ့မြင်လိုက်ခြင်းပင်ဖြစ်သည်။
(နေပါဦး ယောကျ်ားလေး နှစ်ယောက်က လက်ချင်းလဲတွဲထားပြီး ဒီလိုအချိန်ညမှောင်မှောင်မှ ဘာလို့ ကစားကွင်းထဲ လာရတာလဲ)
"ကိုကို....baby ကို ကားခဏရပ်ပေး baby အသိတစ်ယောက်ကိုတွေ့လိုက်လို့ "
ကားမောင်းသူ နေရာမှ အသက် 40 အရွယ်လောက်ရှိသည့် ယောကျ်ားက လမ်းဘေးကို ကားထိုးရပ်လိုက်ကာ
"မြန်မြန်သွားပြီး မြန်မြန်ပြန်လာနော်....baby နဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးချင်ပြီ ကိုကို ဒီမှာပဲစောင့်နေမယ်"
အပေါ်ယံ ဟန်လုပ်ထားသည့် ရှက်ပြုံးတစ်ခုကို
ပြုံးလိုက်ပြီးနောက် ထိုယောကျ်ား၏ ရင်ဘက်ကို
လက်သီးဆုပ်လေးနှင့် ခပ်ဖွဖွ ထုလိုက်ကာ"ဟာ...ကိုကိုကလဲ....... baby မြန်မြန်လာခဲ့မယ်"
ထို့နောက် ခြေလှမ်းတွေရဲ့ ဦးတည်ရာက ကစားကွင်း အပေါက်ဝက ဂိတ်စောင့်ဆီသို့......
"ကစားကွင်းဖွင့်သေးတယ်မလား"
မျက်နှာချောချောလေးနှင့် မလိုက်ဖက်စွာပင်မျက်နှာထားတင်းတင်းနဲ့ အထက်စီးဆန်သော လေသံဖြင့် ဂိတ်စောင့်ကိုပြောလိုက်သည်။
"ပိတ်သွားပါပြီဗျ"
"ဘာကိုပိတ်ရမှာလဲ ခုဏကပဲ နှစ်ယောက်ဝင်သွားတာ မြင်လိုက်ပါတယ်"
"အာ....အဲ့ဒါက"
"ဘာလဲ...ဘာလို့ သူတို့ကျ ရပြီး ငါက မရရတာလဲ
အထက်လူကြီးဘယ်သူလဲ ပြောစမ်း ငါလှမ်းတိုင်လိုက်ရမလား"ထိုအခါမှသာ ဂိတ်စောင့်က ပြာပြာသလဲနဲ့ တောင်းပန်လာကာ
"မဟုတ်ပါဘူးဗျာ အဲ့ကောင်လေးတွေက ချစ်သူတွေပါ Surprise အစီအစဥ်လေးရှိလို့ပါ ကျွန်တော့် အထက်လူကြီးကိုယ်တိုင်က ခွင့်ပြုထားတာမလို့ပါ"
"ဘာ!!!!...ချစ်သူတွေ...သူတို့ကလေ"
"အဲ့ဒါတော့ ကျွန်..ကျွန်တော် သေချာမပြောတတ်ဘူးဗျ အထက်ကိုတော့ မတိုင်ပါနဲ့ ကျွန်တော့်ကို သေချာမစီစဥ်ပေးဘူးဆိုပြီး အပြစ်ပြောမှာဆိုးလို့ပါ"

KAMU SEDANG MEMBACA
FEAR
RomansaJungkook - top Taehyung - bottom အချစ်ထက်ပိုပြီး ပတ်ဝန်းကျင်အမြင်ကို သူဂရုစိုက်ခဲ့တယ်.....ချစ်ရသူရဲ့ နှလုံးသားကို သူကိုယ်တိုင် ချနင်းပြီး သူ့ရဲ့ကြောက်ရွံ့မှုတွေကို ရှေ့တန်းတင်ခဲ့တယ် သေချာပေါက် သူကိုယ်တိုင်ရဲ့ နှလုံးသားကိုလဲ ချနင်းပြီးတော့ပေါ့... လိ...