For Unicode
Taehyung တစ်ယောက် ဒီမနက်ခင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို တွေးမိကာ Jungkook ကို မျက်နှာပူနေမိသည်။ ရှက်လဲရှက်မိသွားသည် ဆိုလျှင်ပိုမှန်လိမ့်မည်။
**Warning သေးသေးလေးပါမယ်နော် 🚨🚨**
မနေ့ညက Taehyung အတွေးပေါင်းများစွာဖြင့် အတော်ညဥ့်နက်မှ အိပ်ပျော်သွားသည်။မနက်ခင်း မျက်လုံးဖွင့်ဖွင့်ချင်းမှာမြင်လိုက်ရသည်က Jungkook ရဲ့ ချောမောလွန်းသည့် မျက်နှာလေးပင်ဖြစ်သည်။
မျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီက ပြစ်ချက်ရှာမတွေ့ရလောက်အောင် ပြီးပြည့်စုံလွန်းသည်။
ဒီလောက်ချောတာကို ဘာကြောင့် ချစ်သူရည်းစားမထားလဲ ဆိုတာကို Taehyung စဥ်းစား၍ပင်မရ။
ရည်းစားထားဖို့ Taehyung သူ့ကို တိုက်တွန်းလိုက်တိုင်း အမြဲစကားလမ်းကြောင်းလွှဲသည်မလို့ သူ့ကိုထပ်ပြီးမတိုက်တွန်းဖြစ်တော့..။ သေချာပေါက် မထားရတဲ့အကြောင်း အရင်းတစ်ခုခုတော့ ရှိကိုရှိရမည် အဘယ်အကြောင်းကြောင့်ဆိုတာကိုတော့ အခုထက်ထိမသိသေးပေ။ Jungkook ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီကို သေချာကြည့်နေမိပြီး နှုတ်ခမ်းဆီသို့ အကြည့်တွေရောက်တဲ့အခါမှာတော့ ချက်ချင်း ရေငတ်လာသလို ခံစားလာရသည်။
သူ့နှုတ်ခမ်းကို ကြည့်မိတာနဲ့ ဘာလို့ ဒီလိုကြီးခံစားရတာလဲဆိုတာ Taehyung ကိုယ်တိုင်ပင်မသိ....။ရုတ်တရက် အခုဖြစ်နေတဲ့ အနေအထားကိုသတိထားမိသွားလေတော့သည်။
"ဟင်....ဘယ်လိုအနေအထားကြီးလဲ"
Taehyung တိုးတိုးရေရွတ်လိုက်သည်။
Jungkook က Taehyung ကို ရင်ခွင်ထဲမှာ တင်းကြပ်စွာဖက်ထားပြီး Taehyung လက်တွေကလဲ Jungkook ကိုပြန်လည်ဖက်တွယ်ထားလေသည်။ သေချာပေါက်ပင် ခြေထောက်တွေကလဲ အချင်းချင်း လိမ်ယှက်လျက်အနေအထားဖြစ်နေသည်။
ညအိပ်တဲ့အချိန်တုန်းက Jungkook သာလျှင် ကျောနောက်မှဖက်ထားခြင်းဖြစ်ပြီး ယခုမှာတော့ သူကပါ ပြန်လည်ဖက်တွယ်ထားခြင်းပင်။
Taehyung ရုတ်တရက် နှလုံးခုန် မြန်လာသည်နှင့်အတူ အောက်ပိုင်းတစ်နေရာဆီမှ တင်းကြပ်လာမှုကိုလဲ ခံစားမိလာသည်။
YOU ARE READING
FEAR
RomanceJungkook - top Taehyung - bottom အချစ်ထက်ပိုပြီး ပတ်ဝန်းကျင်အမြင်ကို သူဂရုစိုက်ခဲ့တယ်.....ချစ်ရသူရဲ့ နှလုံးသားကို သူကိုယ်တိုင် ချနင်းပြီး သူ့ရဲ့ကြောက်ရွံ့မှုတွေကို ရှေ့တန်းတင်ခဲ့တယ် သေချာပေါက် သူကိုယ်တိုင်ရဲ့ နှလုံးသားကိုလဲ ချနင်းပြီးတော့ပေါ့... လိ...