💜 5

813 78 5
                                    


Unicode

"Line ပေါ်ကရှာတွေ့လား ဘယ်လိုလဲ"

စာအုပ်သွားရှာရာမှ ပြန်ရောက်လာကာ သူ့ကိုအမေးစကားဆိုလာသော Taehyung. .. သူ Taehyung မေးနေသည့်စကားအပေါ် အာရုံမရ သူ့စိတ်ထဲမှာ ph password အကြောင်း မေးရမလား မမေးရဘူးလားဖြင့်သာ ရှူပ်ထွေးနေမိသည်။ဒါပေမယ့် Taehyung ကိုယ်တိုင်က သူ့မွေးနေ့ကို password ထားထားသည်လေ... မဟုတ်မှ Taehyung လဲ သူ့အပေါ် မရိုးသားစိတ် ရှိနေလို့များလား ဟု သူရုတ်တရက်တွေးလိုက်မိသည်။ ထိုကဲ့သို့တွေးမိလိုက်ယုံဖြင့် စိတ်လှုပ်ရှားကာ ရင်ခုန်လာရတော့သည်။ Taehyung သူ့အပေါ် ခံစားချက်ရှိနေသည်ဖြစ်စေ မရှိနေသည်ဖြစ်စေ သူမေးတော့မေးကြည့်ချင်သေးသည်။ ဘာကြောင့်ဆိုတဲ့ အကြောင်းတရားကို သူတကယ်သိချင်မိပါသည်။

"Taehyung... "

မဝံ့မရဲ ခေါ်လိုက်တော့ Taehyung သူ့ကို တချက်ငဲ့ကြည့်လာသည်။ ထို့နောက် ချက်ချင်းပင် ခေါင်းပြန်ငုံ့သွားကာ စာအုပ်ဆီမှ အကြည့်မခွာတော့ဘဲ

"ဘာလဲ"

ပြန်ထူးတဲ့ပုံလေးကပင် သူ့အတွက်အရမ်းချစ်စရာကောင်းနေသည်။ Taehyung ရဲ့ ပြုမူပြောဆိုပုံတွေက သာမာန်အတိုင်းဖြစ်ချင်ဖြစ်လိမ့်မည်....ဒါပေမယ့် ချစ်နေရသူ သူ့မျက်လုံးထဲမှာတော့ Taehyung က အရမ်းချစ်စရာကောင်းတဲ့ ကောင်းလေးတစ်ယောက်သာ.....

" မင်း ph password က ဘာလို့ငါ့မွေးနေ့ဖြစ်နေတာလဲ"

အရဲစွန့်ပြီး သူမေးလိုက်သည်။ Taehyung ဘယ်လိုပြန်လည်ဖြေဆိုလာမလဲ ဆိုတာကိုလဲ သူစိတ်လှုပ်ရှားစွာဖြင့် နားထောင်နေမိသည်။ ရင်တွေ တဒုတ်ဒုတ်ခုန်ကာ အရမ်းစိတ်လှုပ်ရှားနေပေမယ့် အပြင်ပိုင်းမှာ ဘာမှမဖြစ်သလို ဒီအတိုင်း သာမာန်မေးခွန်းလေးတစ်ခုမေးသလိုပင် သူဟန်ဆောင်နေလိုက်သည်။

"သြော်.....မနှစ်က မင်းမွေးနေ့ကို မမှတ်မိလို့ မင်းငါ့ကို တစ်ရက်တိတိ စကားမပြောဘူးလေ မှတ်မိလား"

ဟုတ်ပါသည် မနှစ်က သူ့မွေးနေ့ကို Taehyung ဘယ်နှစ်ယောက်မြောက်မှန်းမသိတဲ့ အရှုပ်ထုပ်တွေထဲက တစ်ယောက်နဲ့ အချိန်ကုန်ဆုံးနေသဖြင့် မေ့သွားခဲ့သည်ပင်....ရိုးရိုးမေ့ခြင်းမျိုးမဟုတ်ဘဲ မိန်းမတစ်ယောက်နဲ့ date နေသဖြင့် မေ့နေသောကြောင့် သူ Taehyung ကို စိတ်တိုကာ စကားမပြောပဲနေဖူးသည်ပင်.... ဒါပေမယ့်လဲ ချစ်နေရသူက အရှုံးပဲမလို့ တစ်ရက်လေးပဲ နေနိုင်ကာ နောက်ဆုံးမှာ သူကပဲ စကားသွားပြောလိုက်ရသည်....

FEARWhere stories live. Discover now