💜 6

740 75 9
                                    

For Unicode

"Jungkook သားလေး ဒီကိုလာပါဦး"
ကျောင်းကပြန်ရောက်ရောက်ချင်း ဧည့်ခန်းမှာထိုင်နေတဲ့ မေမေက ခေါ်လိုက်တာကြောင့် မေမေနဲ့ မျက်နှာချင်းဆိုင်က ခုံမှာ ဝင်ထိုင်လိုက်သည်။

"ဟုတ်မေမေ ဘာပြောမလို့လဲ"

"သား ကျောင်းပြီးတော့မယ်နော် ဘယ်လောက်ကျန်သေးလဲ ​ကျောင်းပြီးဖို့"

"တစ်လခွဲလောက်ပဲ လိုတော့မယ်မေမေ ဘာလို့လဲ"
မေမေဒီလို မေးတာ အကြောင်းကိစ္စ တစ်ခုခုတော့ ရှိလောက်မည်။ဘာအကြောင်းရှိလို့လဲတော့ ကျွန်တော်မသိသေး ဒါကြောင့် မေမေပြောလာမယ့် စကားကို အာရုံစိုက်နေလိုက်သည်။

"မေမေနဲ့ သားဖေဖေ ဒီကိစ္စကို တိုင်ပင်လာတာ အချိန်အတိုင်းအတာ တစ်ခုအထိတော့ကြာပြီသား"

ဘာလဲဟ ကျောင်းလဲ ပြီးတော့မှာဆိုတော့ ငါ့ကို အိမ်ထောင်ချပေးဖို့ စီစဥ်နေကြတာတော့ မဟုတ်လောက်ပါဘူးနော်။ အိမ်ထောင်ပြုဖို့ ဆိုရင်တော့ ငါလုံးဝငြင်းမှ ဖြစ်မယ်။ Tae နဲ့ကလွဲပြီး ဘယ်သူ့ကိုမှ ငါ လက်မထပ်ဘူးလို့ စိတ်ဆုံးဖြတ်ထားပြီးသား ဒါကြောင့် အိမ်ထောင်ပြုဖို့ ကိစ္စ ဆိုရင်တော့
ဘယ်လိုပဲနေနေ ငါငြင်းမယ်

"မေမေ ကျွန်တော် အခုမှ ကျောင်းပြီးမှာနော် အိမ်ထောင်ပြုဖို့ဆို ကျွန်တော်လက်မခံနိုင်သေးဘူး"

"ဒီကလေး စကားကိုဆုံးအောင်နားထောင်မှပေါ့
သားဖေဖေနဲ့ စီစဥ်ထားတဲ့ ကိစ္စဆိုတာ သားကျောင်းပြီးရင် UK က company ခွဲကို အလုပ်သင်အနေနဲ့ တစ်နှစ်သွားရမယ် ဟိုက သားဦးလေးက သေချာ သင်ပြပေးလိမ့်မယ် တစ်နှစ်ပြည့်ပြီးရင် Korea ကိုပြန်လာပြီး ဒီက ရုံးချုပ်ကို ဦးစီးရမယ်သား"

ဟင်.... UK ကို တစ်နှစ်သွားရမယ်တဲ့လား ငါသွားလိုက်ရင် Tae နဲ့က တစ်နှစ်ကြီးတောင် ဝေးရမှာပေါ့ အဲ့ဒီ တစ်နှစ်အတွင်း ငါမရှိတဲ့အချိန် သူ မိန်းကလေးတစ်ယောက်ယောက်နဲ့ အတည်တကျဖြစ်သွားရင် ဘယ်လိုလုပ်မလဲ

"မေမေ ကျွန်တော် စဥ်းစားလို့ရမလား"

"စဥ်းစားတာတော့ စဥ်းစားပါသားရယ် ဖြစ်နိုင်ရင်တော့ မေမေတို့ဆန္ဒကို လိုက်လျောစေချင်တယ် သားမသွားချင်တာကလဲ Tae လေးကြောင့်များလား"

FEARWhere stories live. Discover now