💜 10

824 80 4
                                    

For Unicode

"ဟင်....Jungkook မင်းဘာလုပ်တာလဲ"

မြန်မြန်ထရပ်လိုက်တဲ့ Taehyung ဒါပေမယ့်လဲ လက်ကောက်ဝတ်ကို လာကိုင်တဲ့ လက်တစ်ဖက်နဲ့အတူ ရေချိုးကန်ထဲ ပြန်ဆွဲချခံရကာ

"ထိုင်...ငါနဲ့ အတူချိုး"

စကားဆုံးသည်နှင့် Taehyung ရဲ့ အင်္ကျီကြယ်သီးများကို အတင်းဖြုတ်နေသော Jungkook ........

နေပါဦး....ဒါဘယ်လိုအခြေအနေကြီးလဲ ငါဘာလို့ မိန်းမပျိုလေးတစ်ယောက်ကို ယောကျ်ားတစ်ယောက်က အလိုမတူပဲဖျက်စီး တော့မလိုခံစားနေရတာလဲ ပြီးတော့ အပေါ်ပိုင်းဗလာဖြစ်နေတဲ့ ယောကျ်ားတစ်ယောက်နဲ့ ရေချိုးကန်ထဲမှာ နီးနီးကပ်ကပ် မျက်နှာချင်းဆိုင် အတူရှိနေတာ မဖြစ်သင့်ဘူးလေ။ အဲ့ယောကျ်ားက ငါ့သူငယ်ချင်း Jungkook ဆိုရင် ပိုပြီးတော့တောင်မဖြစ်သင့်ဘူးမလား....

"နေ...နေဦး ငါမချိုးဘူး"

အင်္ကျီကြယ်သီးတွေကို ဖြုတ်နေတဲ့ လက်တွေကို တားဆီးကာ ပြောလိုက်သည်။

"မင်း မချိုး...ရင်..ငါ..ဒီထဲက..လုံးဝ မ..ထ.ဘူးနော်"

ဗလုံးဗထွေး စကားသံများနဲ့ ပြောလာပါသော ထိုယောကျ်ား ။ Jungkook က သူ လုပ်မယ် ဆိုရင် ဖြစ်အောင် လုပ်တတ်တဲ့ လူမျိုးဖြစ်သည်။ အခုလဲ Taehyung မချိုးလျှင် လုံးဝ ထမှာမဟုတ်။ သူမထလျှင်လဲ မနက်ဖျားမှာ အသေအချာပင်ဖြစ်သည်။ အကြောင်းသိနေသော Taehyung မှာလဲ ဘေးကြပ်နံကြပ်ဖြစ်နေလေတော့သည်။

"ကျစ်...မင်းကတော့ လုပ်ပြီကွာ ချိုးမယ် ချိုးမယ် ဟုတ်ပြီလား"

"ချွတ်လေ အင်္ကျီက"

"ငါ့ဘာသာ ချွတ်မယ် "

အစောကတည်းက Taehyungကို ကြည့်နေတဲ့ Jungkook ရဲ့ မျက်ဝန်းတစ်စုံက Taehyung အင်္ကျီ ချွတ်ပြီးတဲ့နောက် သိသိသာသာ ပိုပြီး စူးရဲစွာကြည့်လာတော့သည်။ အကြည့်တွေက အမဲဖျက်တော့မယ့် သားကောင်ပမာ.....

Jungkook မူးနေ၍ လားမသိ သူ့အကြည့်တွေတင်မက သူ့အပြုအမူတွေကပါ မူမမှန်သလို ခံစားနေရသည်။ ကျွန်တော်ကိုယ်တိုင်လဲ Jungkook အပေါ် ခံစားချက်က တမျိုးတမည် ဖြစ်နေသည်ကို သတိထားမိသည်။ ဒီခံစားချက်ကြီးကို လုံးဝ မရင်းနှီးပါ တခါမှ ဘဝမှာ မခံစားဖူးသေးသည့် စိမ်းသက်သက်ခံစားချက်ကြီးပင်ဖြစ်သည်။ ကြောက်စိတ်လား ရှက်ရွံ့စိတ်လား ပင်မသိတော့....... Jungkook တစ်လျှောက်လုံး ကျွန်တော့်ကို ကြည့်နေသည်ကိုလဲ သိသည်။
သူကျွန်တော့်ကို ကြည့်နေတယ်လို့ ခံစားမိလိုက်တိုင်းမှာ ကြက်သီးတွေထလာတော့သည်။
ဒါပေမယ့်လဲ ဘယ်လို စကားစရမှန်း မသိတာကြောင့် Jungkook ကိုတစ်ချက်မှပင် လှည့်မကြည့်ပဲ ရေမြန်မြန်သာချိုးနေလိုက်တော့သည်။

FEARWhere stories live. Discover now