💜3

818 82 4
                                    


Unicode

Hanna ဆိုသောမိန်းမနဲ့ လိုက်သွားသည်မှာ ကျောင်းဆင်းတဲ့အထိပင် ပြန်ရောက်မလာတော့ပါ။ Taehyung ကကားမပါ သူ့ကားနဲ့သာ အတူလာသည်ဖြစ်၍ ထိုမိန်းမ Hanna ရဲ့ကားနဲ့သွားခြင်းမှာ သေချာပြီဖြစ်သည်။အပြန်ကို ဘယ်လိုပြန်လာမှာလဲဆိုတာကို တွေးမိပြီး တစ်ဖက်သတ် စိတ်ပူနေမိသေးသည်။ Taehyung အိမ်က ည ကိုးနာရီ အမှီ အိမ်ပြန်ရောက်ရမည်ဆိုသောစည်းကမ်းတစ်ခုကိုတော့ အရမ်းတင်းကြပ်ထားသည်လေ.. အခု လေးနာရီပင်... ဆိုတော့ သူအမှီပြန်ရောက်လောက်မှာပါ အမှီပြန်မရောက်ခဲ့ရင် တစ်ပတ်စာမုန့်ဖိုးဖြတ်တတ်တဲ့ သူ့အိမ်အကြောင်းကို သိလို့ကို ပြန်ရောက်လောက်မှာပါ....

"Taehyung အဲ့မိန်းမနဲ့တော့ ည မအိပ်လောက်ဘူးမလား ဟုတ်ပါတယ် မအိပ်လောက်ပါဘူး"

စိတ်ပူပန်မှုများနှင့် ကိုယ့်ကိုကိုယ်ပြောနေမိသည်။
Taehyung နဲ့သူက အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သည်နှင့်အညီ  Taehyung က သူ့ကို အချစ်ရေးတွေ အကြောင်းကို အကြောင်းစုံ ပွင့်ပွင့်လင်းလင်းပြောပြထားသည်လေ....။ မိန်းကလေးတွေနဲ့ ခြေရှုပ်တတ်ပေမယ့် Taehyung က ဘယ်တုန်းကမှ relationship မှာ Sex မပါခဲ့...တကယ်ချစ်တဲ့ မိန်းကလေးနဲ့ မင်္ဂလာဦးညမှသာ လူပျိုဘဝကို စွန့်လွှတ်ပါမယ်လို့ သူ့ကိုပြောဖူးသည်ပင်...ထိုပြောသည့်အတိုင်းပင် တွဲခဲ့သမျှ မိန်းကလေးတိုင်းနဲ့ နမ်းတဲ့အဆင့်လောက်ပင် ဖြစ်ပြီး ပြတ်ဆဲသွားကြသည်ချည်းပင်....ဒါကြောင့် Hanna နဲ့လဲ ညအိပ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်။ဘယ်လိုအခြေအနေမျိုးနဲ့ပဲ မိန်းကလေးတွေနဲ့ ပက်သက်ဆက်ဆံနေပါစေ သူလုံးဝမကြိုက်ပါ....Taehyung မိန်းကလေးတွေနဲ့ ခြေရှူပ်ပေမယ် အခုချိန်ထိ လူပျိုဖြစ်နေသေးတာကိုပဲဘုရားသခင်ကို ကျေးဇူးတင်မိပါတော့သည်။

ဒါပေမယ့်လဲ ထိုမိန်းမနဲ့ နှစ်ယောက်ထဲ ရှိနေသည်ကို စိတ်ထဲ ဘယ်လိုမှသဘောမကျမိ။ ဒါကြောင့် 1 နာရီခြား တစ်ခါ ph ခေါ်မိတာ သူ့ အပြစ်ဟု ပြောဆို၍မရပါ။ ကျောင်းဆင်းဆင်းခြင်းပင် Taehyung ဆီ တစ်ခါဆက်ပြီးပြီ ဖြစ်သည်။ အခု အိမ်ပြန်ရောက်တော့လည်း တစ်ခါဆက်ရပေဦးမည်.....Taehyung ၏ အကျင့်စာရိတ္တကို သူယုံကြည်သော်လည်း ကံကြမ္မာကိုတော့ သူလုံးဝမယုံကြည်ပါ....မတော်တဆများ တစ်စုံတစ်ခုသော အကြောင်းအရာကြောင့် သူ Taehyung ကို ဆုံးရှူံးလိုက်ရရင်...  ဆုံးရှူံးရလို့လုံးဝမဖြစ်ပါ..

FEARWhere stories live. Discover now