💜 4

781 95 2
                                    


Unicode

ငါ့စိတ်ထဲ ဘာတွေရှိနေတယ်ဆိုတာကို မင်းသာမြင်နိုင်ခဲ့ရင်တော့ အခုလိုမျိုးနီးနီးကပ်ကပ်နေမှာမဟုတ်ဘူးဆိုတာ ငါသိပါတယ် Taehyung ။ မင်းကတော့ သူငယ်ချင်းဆိုတဲ့စည်းမျဥ်းထဲမှာ ဖြူစင်ပေမယ့် ဖောက်ဖျက်ခဲ့မိတဲ့ငါကတော့ မင်းနဲ့ အခုလိုရှိနေယုံနဲ့တင် ငါ့ရင်ခုန်သံတွေက အရမ်းမြန်ပြီး ကျယ်နေလို့ မင်းကြားသွားမလားလို့တောင် ပူပန်နေရတာပါ။ ငါ့ကို မော့ကြည့်နေတဲ့ အဲ့မျက်ဝန်းလေးတွေ သိပ်လှတယ် မင်းရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကကို ငါ့အတွက်အရမ်းပြည့်စုံလွန်းတယ် ငါမင်းကို ပိုင်ဆိုင်ချင်တယ်။

ငါဖွင့်ပြောလိုက်ရင် အချစ်ဆုံးသူငယ်ချင်းဖြစ်နေတဲ့အပြင် straight တစ်ယောက်ပါဖြစ်နေတဲ့မင်းက မင်းနဲ့မျိုးတူဖြစ်တဲ့ ငါလို ယောကျ်ားတစ်ယောက်ကို လက်ခံနိုင်ပါ့မလား။ သေချာတာပေါ့ ဘယ်နည်းနဲ့မှလက်ခံမှာ မဟုတ်မှန်း။ အခုတည်ရှိနေတဲ့ မင်းရဲ့ဘေးက ငါ့ရဲ့ဖြစ်တည်မှုလေးပါ ပျက်ပြယ် သွားမှာ ငါမလိုလားဘူး။ ဖွင့်ပြောမိတဲ့အခါ မင်းရဲ့ မုန်းတီးမှုတွေကို အဆုံးသတ်မှာ ငါခံရမှာပဲဆိုတာသိပေမယ့်လဲ အချိန်အတိုင်းအတာတစ်ခုထိတော့ မင်းအမုန်းတွေကိုငါမခံယူချင်သေးဘူး ဒါကြောင့် တတ်နိုင်သလောက်လေးတော့ ငါ့ချစ်မြတ်နိုးမှုတွေကို မြိုသိပ်ပါ့မယ် ။တခါတလေ ရင်ခုန်သံတွေကို ချုပ်ထိန်းမရနိုင်တဲ့အခါမျိုးမှာ ငါသတိလက်လွှတ် မင်းအပေါ်ပြသမိတဲ့ ငါ့ချစ်ခြင်းတရားတွေက လွဲလို့ ပေါ့...... ။ဒါက ခဏတာမြိုသိပ်မှုနော် မင်းကိုတော့ ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး ။

"ဘာလဲ.."

ဖြူစင်တဲ့ အကြည့်လေးတွေနဲ့ ကြည့်ကာ သူ့ကိုမေးလာသည်။အသဲယားစွာ Taehyung နှဖူးလေးကို ခပ်ဖွဖွလေး တောက်လိုက်တော့

"အ..ဘာလုပ်တာလဲ"

ဆိုတဲ့ ဆူပူသံလေးနဲ့အတူ နှုတ်ခမ်းလေးထော်ပြီး ရန်တွေ့နေတဲ့ပုံစံလေးက သူ့မျက်လုံးထဲမှာ အရမ်းချစ်ဖို့ကောင်းလွန်းနေသည်။ ချစ်ဖို့ကောင်းတဲ့ကောင်လေးက မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက်တွဲကာ လူရှူပ်လူပွေပုံမျိုးဖြင့် ဘဝကို မဖြတ်သန်းသင့်....သူတစ်ယောက်ထဲသာ ပိုင်ဆိုင်သည့် သူ့ရဲ့ ချစ်သူကောင်လေးအနေဖြင့်သာ သူ့ဘေးနားမှာ ချစ်စရာ အပြုအမူလေးတွေ ပြုမူပြီး နေသင့်သည်။ဆုပ်ကိုင်ထားမိတဲ့ လက်ကို မလွှတ်ချင်သေးပေမယ့် လွှတ်လိုက်ရသည်။ ဖြစ်နိုင်ရင် တစ်သက်လုံး ဆုပ်ကိုင်ထားချင်မိတာပါ သူ့ရဲ့မြတ်နိုးရာလေး...

FEARWhere stories live. Discover now