Unicode
မနက် ထမင်းစားပွဲဝိုင်းတွင်...
"သား..Jungkook မေမေဟိုတစ်ခါပြောထားတဲ့ကိစ္စ သားစာမေးပွဲပြီးတာနဲ့ တန်းသွားရမယ်နော်"
UK က company ခွဲကို အလုပ်သင်အနေနဲ့ သွားရောက်လေ့လာရန်ပင် ဖြစ်သည်။ အမှန်အတိုင်းပြောရရင် ထိုကိစ္စကို Jungkook လုံးဝ မေ့လျော့နေခြင်းဖြစ်သည်။ စာမေးပွဲ ကလဲ ဖြေဆိုဖို့ 7 ရက်သာ လိုတော့တာဖြစ်ပြီး တိတ်တခိုးချစ်ခဲ့ရသူရဲ့ အချစ်ကို ရရှိထားတာ တစ်လပဲ ရှိသေး၍ ထိုသူနဲ့လဲ မခွဲခွာချင်သေးပေ။
Jungkook မျက်နှာ တစ်ချက်ပျက်သွားသည်။ ထိုအခြင်းအရာကို Jungkook ရဲ့ ဖေဖေ ကမြင်လိုက်ပြီး
"Jungkook မင်းလုပ်ချင်တဲ့အရာ ဖြစ်ချင်တဲ့အရာမှန်သမျှ ဖေဖေတို့ ခွင့်ပြုပေးထားတယ် ဒါကိုမင်းလဲ အသိပဲနော် ဒါကြောင့် ဖေဖေတို့ရဲ့ ဆန္ဒကိုလဲ မင်းဘက်က လိုက်လျောစေချင်တယ် "
ထိုသို့သော စကားကိုသာဆိုပြီး ထမင်းစားပွဲဝိုင်းမှ ထွက်ခွာသွားလေသည်။ Jungkook ရဲ့ မေမေကတော့ Jungkook ကို စာနာမှုအပြည့်ပါသော
မျက်ဝန်းများဖြင့်ကြည့်ကာ"TaeTae လေးကို ကြိုပြောထားသင့်တယ်လို့ မေမေထင်တယ်"
Taehyung နဲ့ တွဲတဲ့ တစ်လ အတွင်းမှာပင် Jungkook ဘက်မှ Jungkook ရဲ့ မိဘတွေကို အသိပေးပြီး တွဲခဲ့ခြင်းဖြစ်သည်။ ဒီကိစ္စနဲ့ ပက်သက်ပြီး မိဘနှစ်ပါး လုံးက နားလည်ပေးကာ လက်ခံပေးခဲ့ကြသည်။ အစကမူ Jungkook ဖေဖေက လက်မခံချင်သော်လည်း ဇနီးဖြစ်သူရဲ့ နားချမှုများကြောင့် အဆုံးမှာ ဘာမှမပြောတော့ချေ။ဒါကြောင့်လဲ Jungkook တစ်ယောက် မိဘနှစ်ပါးလုံးကို အမှန်တကယ် ကျေးဇူးတင်ခဲ့မိသည်။
သို့သော်လည်း Taehyung ကတော့ Jungkook လိုမဟုတ်ပေ။ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကိုပဲ ထည်လဲ တွဲခဲ့သူဖြစ်ပေရာ သူ့အတွက် တော့ ယခုကဲ့သို့ အခြေအနေဟာ လုံးဝမလွယ်ကူခဲ့ပါ။ ပတ်ဝန်းကျင်အမြင်ကို ဂရုစိုက်လွန်းနေသည်။ ထို့အပြင် လိင်တူခြင်း ချစ်ကြိုက်မိသည့်အပေါ် မိဘများက ဘယ်လိုသဘောထားသည်ကိုလဲ မသိသေးသောကြောင့် အသိမပေးရဲပဲရှိနေသည်။ မိဘများကိုပင်မဟုတ် တခြားသူတွေကိုလဲ လုံးဝ အသိပေးဖို့ မဝံ့ရဲပေ ဒါကြောင့်
Jungkook ကို ပြောပြီး silent သာတွဲသည်။

ESTÁS LEYENDO
FEAR
RomanceJungkook - top Taehyung - bottom အချစ်ထက်ပိုပြီး ပတ်ဝန်းကျင်အမြင်ကို သူဂရုစိုက်ခဲ့တယ်.....ချစ်ရသူရဲ့ နှလုံးသားကို သူကိုယ်တိုင် ချနင်းပြီး သူ့ရဲ့ကြောက်ရွံ့မှုတွေကို ရှေ့တန်းတင်ခဲ့တယ် သေချာပေါက် သူကိုယ်တိုင်ရဲ့ နှလုံးသားကိုလဲ ချနင်းပြီးတော့ပေါ့... လိ...