Unicode
Taehyung နဲ့သူဟာ တစ်ဦးတည်းသော သားတွေ ဖြစ်သည်နှင့်အညီ မိဘတွေရဲ့ လုပ်ငန်းတွေကို ဆက်ခံရမည်ဖြစ်တာကြောင့် ဝါသနာမပါပေမယ့်လဲ စီးပွားရေး မေဂျာကို သူတို့နှစ်ယောက်လုံး တက်ရောက်ခဲ့ကြသည်။ ကျောင်းခန်းထဲ ရောက်ရောက်ချင်းမှာပင် စိတ်ရှုပ်စရာကစပြီဖြစ်သည်။ အခြားမဟုတ် သူ့စားပွဲပေါ်က နွားနို့ဘူးနဲ့ ပေါင်မုန့် တစ်ထုပ်ပင်....
"ကျစ်...စိတ်ရှုပ်စရာတွေ ဘယ်မိန်းမက လာချထားလဲမသိဘူး"
ပြောဆိုပြီး အမှိုက်ပုံးထဲ လွှင့်ဖို့ရန်အတွက် အမှိုက်ပုံးရှိရာဆီထလာလိုက်သည်။ ထိုအချိန်မှာပဲ မိန်းမတစ်ယောက် သူ့အနားကိုရောက်ရှိလာပြီး
" ဟို.....jungkook အဲ့..အဲ့မုန့်တွေကလေ နင့်ဟာမဟုတ်ဘူး"
"ဟမ်"
သူ ထိုမိန်းကလေး ပြောလာသည့်စကားအပေါ် ခဏတာ နားမလည်ဖြစ်သွားရသည်။ သူ့ကိုပေးထားခြင်းမဟုတ်ရင် ဘာကြောင့် သူ့ခုံပေါ် ရောက်နေရသနည်း....ပြီးတော့ ဘယ်သူ့ကိုပေးခြင်းဖြစ်သနည်း...သူ့ ဘေးဘက်ခုံမှာ ထိုင်နေသော Taehyung ကို လှည့်ကြည့်လိုက်ပြီးနောက် အရာအားလုံးကို နားလည်သွားတော့သည်။ Taehyung ကိုပေးခြင်းပင်ဖြစ်မည်....
"အဲ့ဒါ Taehyung ကိုပေးတာသိလား ခုံမှားချမိလို့
အခု အဲ့မုန့်လေးပြန်ပေးနော်"သူ့လက်ထဲက မုန့်တွေကို ယူသွားပြီး ခြေလှမ်းတွေဦးတည်ရာက သူ့ခုံရဲ့ ဘေးဘက်ခုံမှာထိုင်နေသော Taehyung ဆီသို့
"Taehyung... ဒါလေး နင်စားဖို့"
Kim Taehyung ၏ နေ့စဥ်မရိုးနိုင်သော အရှုပ်တွေထဲက တစ်ခုပင်....ရုပ်လဲချော ပိုက်ဆံလဲချမ်းသာကာ Kim Group ကို တစ်နေ့မှာ ဦးဆောင်ရမည့်သူဖြစ်သည်နှင့်အညီ မိန်းကလေးရှုပ်တဲ့ သူတစ်ယောက်ဖြစ်နေတာကြောင့်လဲ ရောင်အသွေးစုံလင်လှသော မိန်းမတွေက Taehyung ကိုကပ်ကြခြင်းဖြစ်သည်။ တစ်လတာ ချစ်သူ ရည်းစားပဲ ဖြစ်ခွင့်ရှိကြသည် ဆိုလျှင်တောင် ပျော်ပျော်ကြီး အဖြစ်ခံမည့် မိန်းမတွေမှာ တစ်ပုံ တစ်ပင် ပင်ဖြစ်သည်။ သူ့ရဲ့ခံစားချက်တွေကို သူ သေချာလေး မပေါက်ထွက်လာအောင် ထိန်းပါသည်။ ဒါပေမယ့် Taehyung သာ အခုလိုမျိုး ဆက်တိုက်ပြုမူနေမယ်ဆိုရင် သူ့ခံစားချက်တွေကို ဆက်လက်မြိုသိပ်ထားနိုင်ဖို့ကို အာမ မခံရဲတော့ပါ.... ဘယ်လိုမှမမြိုသိပ်နိုင်တော့တဲ့တစ်နေ့ သူပေါက်ကွဲမိလိမ့်မည်။
YOU ARE READING
FEAR
RomanceJungkook - top Taehyung - bottom အချစ်ထက်ပိုပြီး ပတ်ဝန်းကျင်အမြင်ကို သူဂရုစိုက်ခဲ့တယ်.....ချစ်ရသူရဲ့ နှလုံးသားကို သူကိုယ်တိုင် ချနင်းပြီး သူ့ရဲ့ကြောက်ရွံ့မှုတွေကို ရှေ့တန်းတင်ခဲ့တယ် သေချာပေါက် သူကိုယ်တိုင်ရဲ့ နှလုံးသားကိုလဲ ချနင်းပြီးတော့ပေါ့... လိ...