Unicode"ငါ...."
စကားသံထပ်မထွက်လာတော့သည့်အပေါ် Min Yuri ကျေနပ်သွားကာ မျက်နှာထက်တွင် ဖြူစင်အပြစ်ကင်းဟန်ရှိသည့် အပြုံးတစ်ခုကို ဟန်ဆောင်ပြုံးထားလေသည်။
Tae တို့အိမ်ထဲ ဝင်လျှင်ဝင်ချင်းမှာပင် သွေးပျက်ဖွယ် မြင်ကွင်းတစ်ခုက ဆီးကြိုနေသည်။ Min Yuri ဆိုတဲ့ မိန်းမက Tae ရဲ့ လက်ကို ချိတ်ဆွဲထားပြီး ပြုံးရယ်နေကာ ဤ အချင်းအရာကို Tae ရဲ့ မိဘတွေက ကျေကျေနပ်နပ်ဖြင့် ကြည့်နေသည်။
Tae ကလဲ ထိုသို့ လက်တွဲထားသည်ကို သဘောတူကြည်ဖြူနေသည် ထင်သည် ရုန်းသည့်အမူအယာ တစ်စိုးတစ်စိမှပင် မတွေ့ရပေ။ဘာကြောင့် ဒီမိန်းမက Tae ရဲ့လက်ကို ချိတ်ဆွဲထားရတာလဲ Tae ကရော ဘာကြောင့် မငြင်းဆန်ရတာလဲ သူတို့နှစ်ယောက်က ဘယ်တုန်းက ဒီလောက်အထိ ရင်းနှီးသွားတာလဲ သေချာပေါက်တော့ သူတို့ ဒီလောက်အထိရင်းနှီးသွားတာကို သူတကယ်မသိပါ။ ဒါဆိုရင် ဖြစ်နိုင်တာက သူ့ကွယ်ရာမှာ သူတို့တွေ ဆက်သွယ်နေကြလို့ပေါ့.....ရင်ထဲ အရမ်းစိုးထိတ်မိနေပြီး တစ်ခုခုကတော့ဖြင့် အမှားကြီးမှားနေပြီ ဆိုတာကို သတိထားမိနေသည်။ ဒါပေမယ့်လည်း Tae ကို သူ ယုံချင်သည် အဆုံးစွန်အထိ ယုံကြည်သွားချင်မိသည်။
ထိုမိန်းမ ဆွဲကိုင်ထားသည့်လက်ကို ဖြုတ်ချကာ Tae ကို သူ့ရင်ခွင်ထဲ ဆွဲခေါ်ပြီး အဖြစ်အပျက်အကြောင်းစုံကို မေးချင်သော်လည်း လတ်ရှိအခြေအနေအရ Tae ရဲ့မိဘတွေလဲ ရှိနေသည်မလို့ သူစိတ်လိုက်မာန်ပါ လုပ်၍ မရပေ။ သူ့ကြောင့် Tae ဒုက္ခ ရောက်သွားမည်ကို လုံးဝမလိုလားပါ။Tae ကတော့ သူရှိသည့်ဘက်ကို ကျောပေးထားသည်မလို့ အခုထက်ထိတိုင်အောင် သူရောက်ရှိနေမှန်းမသိသေး....ကိုယ့်ချစ်သူကို တခြားမိန်းမတစ်ယောက်က ပိုင်စိုးပိုင်နင်းဖြင့် လက်တွဲထားသည်ကို မြင်ရတာ သူ့အတွက်လုံးဝ ရင်ထဲမှာ မသက်သာလှပါ။ ဒီမြင်ကွင်းကို ဆက်မကြည့်လိုတော့၍ နောက်မှ Tae ကိုအကြောင်းစုံမေးမည်ဟု စဥ်းစားကာ ခြေလှမ်းတွေကို နောက်ပြန်လှည့်စဥ်....
"သား...Jungkook လာလေ ဘာရပ်လုပ်နေတာလဲ"
Taehyung ရဲ့ မေမေက Jungkook ကိုမြင်သွားကာ လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။ Jungkook ကိုယ်ကိုပြန်လှည့်ကြည့်လိုက်ရာတွင် Taehyung နဲ့ အကြည့်ချင်းဆုံသွားလေတော့သည်။

YOU ARE READING
FEAR
RomanceJungkook - top Taehyung - bottom အချစ်ထက်ပိုပြီး ပတ်ဝန်းကျင်အမြင်ကို သူဂရုစိုက်ခဲ့တယ်.....ချစ်ရသူရဲ့ နှလုံးသားကို သူကိုယ်တိုင် ချနင်းပြီး သူ့ရဲ့ကြောက်ရွံ့မှုတွေကို ရှေ့တန်းတင်ခဲ့တယ် သေချာပေါက် သူကိုယ်တိုင်ရဲ့ နှလုံးသားကိုလဲ ချနင်းပြီးတော့ပေါ့... လိ...