UnicodeJeon. .. .သူပြုံးနေသည်။ များသောအားဖြင့် Jeonရဲ့အပြုံးတော်တော်များများက သူ့ကြောင့်သာ ဖြစ်ပေါ်လာတတ်တာဖြစ်ပြီး တခြားခင်မင်ရင်းနှီးတဲ့သူတွေကိုပင် ခပ်တည်တည်ဆက်ဆံတတ်တာ Jeon ရဲ့ အကျင့်ပင်...။ဒါပေမယ့် အခုအချိန်မှာတော့ ထိုကောင်ငယ်လေးကို Jeon က သူ့အပြုံးတွေ စွန့်ကြဲနေလေပြီ..။ သူ့အပြင် အခုလို Jeon ကို ပြုံးပျော်စေနိုင်တဲ့ အစွမ်းရှိတဲ့ ကောင်ငယ်လေးက ဘယ်သူလဲ... Jeon နဲ့ ဘယ်လိုပက်သက်တာလဲဆိုတာ သူတကယ်သိချင်ပါသည်။
မလှမ်းမကမ်းမှာ ဤမြင်ကွင်းကို ကြည့်နေတဲ့ သူ့ကို Jeon လုံးဝ သတိမထားမိပါ။ Jeon ရဲ့အကြည့်တွေဟာ ထိုကောင်ငယ်လေးဆီ၌သာ ကျရောက်နေပြီး သူ့ကိုမှမဟုတ် တခြားမည်သူ့ကိုမှ သတိမထား ဂရုမစိုက်သည့်ပုံပင်...။ Jeon နဲ့ပြန်လည်တွေ့ဆုံသည့်အခါ မည်သို့မည်ပုံ ဖြစ်နေမလဲဆိုတာ သူအကြိမ်ကြိမ် စိတ်ကူးယဥ်ခဲ့ဖူးသည်။ သူ့ကိုတွေ့တဲ့အခါ Jeon ပျော်နေမလား ဒါမှမဟုတ် Jeon စိတ်ဆိုးနေတုန်းလားဆိုတဲ့ အတွေးတွေကို သူအကြိမ်ကြိမ်အခါခါ တွေးခဲ့ဖူးပြီး ဒီတစ်ခါ ပြန်ဆုံရင် Jeon ရဲ့လက်ကို ဘယ်တော့မှ ဖြုတ်မချတော့ဘူးလို့လည်း သူဆုံးဖြတ်ခဲ့သည်။ ဒါပေမယ့် သူ ဘယ်တော့မှ မဖြုတ်ချတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ လက်ကို အခုတော့ တခြားသူက ဆုပ်ကိုင်ထားလေပြီ...။ ဒီလို မြင်ကွင်းမျိုးနဲ့ ဒီလိုပြန်လည်ဆုံတွေ့ရခြင်းမျိုးကိုတော့ သူဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ပါ....။
အဆက်အသွယ်အသွယ်မရှိတဲ့အချိန်ကာလ တစ်လလောက်အတွင်းမှာ Jeon နောက်တစ်ယောက်ရသွားတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါ....။ Jeon က သူ့ကိုအရမ်းချစ်ပေးခဲ့သည်လေ...Jeon ရဲ့အကြောင်းကို သူအသိဆုံးပင် ဒါကြောင့် သူ့ရဲ့ Jeon က ဒီလိုမျိုး ပြောင်းလဲလွယ်တဲ့သူမဟုတ်ပါ။ ဒါပေမယ့် သူ Jeon အပေါ် လုပ်ခဲ့တဲ့ အပြစ်တွေက လွယ်လွယ်နဲ့ မေ့ဖျောက်လို့ရတဲ့ အပြစ်တွေမဟုတ်ခဲ့သည့်အပြင် နောက်ဆုံးမှာ တကယ်မချစ်ခဲ့ဘူး လို့ Jeon ကိုပြောထွက်ရက်ခဲ့သေးသည်။ အဲ့တုန်းက Jeon ရဲ့ မျက်ဝန်းထဲက စိတ်ပျက်မှုများနဲ့ နာကြင်မှုများကို သူတွေ့လိုက်သည်။ Jeon သာ သူ့ကို လုံးဝစိတ်ကုန်သွားပြီး အသစ်တွေ့နေပြီဆိုရင် သူဘာလုပ်ရမလဲ...
![](https://img.wattpad.com/cover/271630484-288-k974862.jpg)
YOU ARE READING
FEAR
RomanceJungkook - top Taehyung - bottom အချစ်ထက်ပိုပြီး ပတ်ဝန်းကျင်အမြင်ကို သူဂရုစိုက်ခဲ့တယ်.....ချစ်ရသူရဲ့ နှလုံးသားကို သူကိုယ်တိုင် ချနင်းပြီး သူ့ရဲ့ကြောက်ရွံ့မှုတွေကို ရှေ့တန်းတင်ခဲ့တယ် သေချာပေါက် သူကိုယ်တိုင်ရဲ့ နှလုံးသားကိုလဲ ချနင်းပြီးတော့ပေါ့... လိ...