💜 8

712 72 6
                                    

For Unicode

ဘာလဲ ဘယ်လိုဖြစ်သွားတာလဲ ဖြစ်ပျက်မှုက မြန်ဆန်လွန်းလို့ ခဏလောက် မှင်သက်သွားမိသည်အထိ။ ငါ Kim Taehyung က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကို နမ်းမိသွားတာလား။ ဘယ်လိုပဲ မတော်တဆ ဆိုပေမယ့်လဲ ဘာလို့ ငါ့ရင်တွေက ခုန်နေတာလဲ ပြီးတော့ သူကလဲ ယောကျ်ားတစ်ယောက်လေ။ ငါ့ဘဝမှာ မိန်းကလေးများစွာနဲ့တွဲခဲ့ဖူးတယ် ဒါပေမယ့် ရင်မခုန်ခဲ့ဖူးဘူး ။အခု ရင်ခုန်နေတာကြီးက ဘာကြီးလဲ စိတ်ကို ငြိမ်အောင်ထား Taehyung သူက မင်းသူငယ်ချင်း
ရင်ခုန်တာက ရုတ်တရက်မလို့ လန့်သွားတာ ငါ ယောကျ်ားတွေကို စိတ်မဝင်စားဘူး မိန်းမတွေကိုပဲ စိတ်ဝင်စားတယ် ငါက 100% straight စစ်စစ်
ကိုယ့်ကိုကိုယ်ပြန်ပြီး စိတ်တည်ငြိမ်နေအောင် အားတင်းနေရသည်။

အခုလို အနေအထားမှ အရင်ဆုံးသတိပြန်ဝင်သွားသည်က Taehyung

"အာ.....sorry. .sorry Jungkook"

ကျွန်တော်နဲ့ Tae နှစ်ယောက်လုံး ဆွံ့အမိနေသည်။ သူ့နှုတ်ခမ်းလေးနဲ့ ကျွန်တော့်ပါးပြင် ထိကပ်နေမှုက 5 စက္ကန့် မျှသာ။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ တစ်သက်စာ မေ့မရနိုင်တဲ့အထိ ဤအထိအတွေ့ လေးကို နှလုံးသားထဲ စွဲသွားလေပြီ။
ဒီလိုလေး ဒီလိုဖြစ်ပျက်မှုလေးသာ မတော်တဆ မဟုတ်ပဲ Tae က လိုလိုလားလားနဲ့ ကျွန်တော့်ပါးပေါ် နမ်းရှိုက်ခဲ့မယ်ဆိုရင် ဒီလူသားလေးသာ ကျွန်တော်တစ်ယောက်ထဲရဲ့ သက်ဆိုင်သူဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ.........

အခုတော့ Sorry တဲ့လား Tae ရယ် မတော်တဆ ဆိုပေမယ့်လဲ မင်းပေးလိုက်တဲ့ အနမ်းလေးက ငါ့အတွက် ဒုက္ခမမည်တဲ့ ပျော်ရွှင်မှုလေးပါ။ မင်းသိလား ငါ့ဘဝမှာ ငါ့မိဘ ကလွဲပြီး ငါ့ပါးပြင်ကို နမ်းရှိုက်ဖူးတဲ့ လူက မင်းပဲ Tae။ ငါ့အတွက်ကတော့ မင်းက အရာရာပထမပါ ဒါပေမယ့်လဲ မင်းအတွက်ကတော့ ပထမဆုံးအကြိမ် ဘယ်ဟုတ်မလဲ Tae ရယ်။ ဘယ်နှစ်ယောက်မှန်းမသိတဲ့ မိန်းမတွေရဲ့ ပါးပြင်ကိုသာမက နှုတ်ခမ်းတွေကိုပါ နမ်းရှိုက်ဖူးမှာကို ငါတွေးမိတော့ ဝမ်းနည်းစိတ်နဲ့ ခံပြင်းစိတ်တို့က နေရာယူလာတယ် Tae ။ ဒါပေမယ့်လဲ ဒီ ငါတို့နှစ်ယောက်နဲ့ သက်ဆိုင်တဲ့ အနမ်းလေးကြောင့် အခုချိန်မှာ အရာရာကိုမေ့ပြီး ပျော်ရွှင်နေချင်တယ် မင်းလဲ ငါ့လို ဒီအနမ်းနဲ့ပက်သက်ပြီး စိတ်ခံစားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ရင်တော့ ငါပိုပျော်ရွှင်မိမှာပေါ့.....

FEAROnde histórias criam vida. Descubra agora