💜 17

552 58 18
                                    

Unicode

"ဟင်း..."

ဘေးနားမှ သက်ပြင်းချသံကြောင့် ခေါင်းလှည့်ကြည့်လိုက်သောအခါ စာကြည့်စားပွဲခုံပေါ်မှာ မေးထောက်လျက် အလိုမကျသော မျက်ဝန်းများဖြင့် စူပုပ်ကာ ကြည့်နေသော Taehyung. ..

မျက်နှာထက်တွင် အပြုံးလေးတစ်ခု ဖြစ်ထွန်းလာပြီးနောက် Taehyung ရဲ့ အညိုရောင်ဆံပင်လေးတွေကို ဖွဖွလေး ပွတ်သပ်လိုက်ကာ

"ပျင်းနေပြီလား ခဏနားရအောင်လေ"

"ပျင်းတာပေါ့ စာတွေချည်းလုပ်နေရတာ"

ထိုသို့ပြောပြီးသည့်နောက် စာအုပ်သိမ်းရန် ပြန်လှည့်စဥ် မေးဖျားမှတစ်ဆင့်ကိုင်ကာ မျက်နှာချင်းဆိုင် အနေအထားသို့ ပြန်ဆွဲလှည့် ခြင်းခံလိုက်ရသည်။ထို့နောက် ရုတ်တရက် Taehyung ရဲ့မျက်နှာနားသို့ တိုးကပ်လာသော Jungkook ရဲ့ မျက်နှာ.....မျက်နှာနှစ်ခု အကွာအဝေးက အရမ်းနီးကပ်လျက်ရှိနေသည်။ ဒီထက်နဲနဲသာ ရှေ့ဆက်တိုးလိုက်လျှင် မျက်နှာနှစ်ခုမှာ အချင်းချင်း ထိကပ်တော့မည်ဖြစ်သည်။

Taehyung ရုတ်တရက် နီးကပ်လာတဲ့ Jungkook ကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မသိဖြစ်နေပြီး ရင်တွေအရမ်းခုန်နေတာကိုလဲ ခံစားမိနေသည်။ ဖြစ်ပျက်လာတော့မည့်အခြေအနေကို ရင်ဆိုင်လက်ခံယူရန် အသင့်ဖြစ်နေသော သဘောမျိုးဖြင့် မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ တစ်စုံတစ်ရာကို မျှော်လင့်စောင့်စားလျက် မျက်တောင်လေးတွေမှာလဲ တုန်ရင်နေတော့သည်။

"ကို့ရဲ့ Taeလေးက စာမလုပ်ချင်တော့ ဘာလုပ်ချင်လို့လဲ"

မျှော်လင့်စောင့်စားနေသလို ဖြစ်မလာပဲ လေသံလေးဖြင့်နားနား ကပ်ကာ ပြောလိုက်သော အသံကိုသာ ကြားလိုက်ရသည်။ မျက်လုံးတို့ ပြန်ဖွင့်လိုက်သည့်အခါ ပြုံးကာ ကြည့်နေသော Jungkook ကို တွေ့လိုက်ရပြီး ရှက်စိတ်နှင့် ဒေါသစိတ် နှစ်ခုလုံးရောထွေးကာ....

"မင်း...မင်း..Jungkook ငါက ဘာလုပ်ချင်နေလို့လဲ ဒီတိုင်းပျင်းလာလို့ပြောတာ ဘာတွေမျှော်လင့်နေတာလဲ ပြောမယ်နော် မဟုတ်တာတွေ လျှောက်မတွေး.....အင့်"

နှုတ်ခမ်းလေးထော်ကာ ရှက်ရမ်းရမ်းလျက် မကျေမနပ်ပြောနေသော ကောင်လေးကို ကြည့်နေရင်းမှာပင် အသဲယားလာမိသည်။ ထို့ကြောင့်စကားကိုပင် ပြီး​ဆုံးအောင် ပြောခွင့်မပေးပဲ ထို ရန်စွာနေသော နှုတ်ခမ်းလေးကို ချိတ်ပိတ်လိုက်တော့သည်။ရန်စွာနေတဲ့ ကောင်လေးမှာလဲ အံ့သြသင့်နေရာမှ အခြေအနေကို နားလည်သွားသယောင် မျက်ဝန်းများကို မှိတ်ပေးလာသည်။ နှုတ်ခမ်းချင်း ထိကပ်နေပြီးနောက် Taehyung ရဲ့ အောက်နှုတ်ခမ်းလေးကို ဖွဖွလေး
ကိုက်လိုက်သောအခါ ဖွင့်ဟလာသော နှုတ်ခမ်းလေးတစ်စုံ......။ခွင့်ပြုချက်ရသွားပြီးသည့်နောက်  သူ၏ လျှာဖြင့် Taehyung ရဲ့ လျှာလေးကို စုပ်ယူကာ ခံတွင်းတစ်ခုလုံးကို စားသုံးနေမိသည်။ လျှာအချင်းချင်း ရစ်ပတ် တွယ်ယှက်ပြီး အချိန်တော်တော်ကြာ နှုတ်ခမ်းလေးကိုလဲ စုပ်ယူ နမ်းရှိူက်နေမိသည်။ အသက်ရှူမဝဖြစ်လာ၍ ထင်သည် ရင်ဘတ်ကို လက်သီးစုပ်လေးနဲ့ ဖွဖွလေး ထုကာတားလာမှသာ Jungkook သတိဝင်လာကာ မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်ရသည်။

FEARWhere stories live. Discover now