"သား ဒီအချိန်မှ ဘယ်ကပြန်လာတာလဲ...!!!"
ခပ်မာမာအသံနှင့် အဆုံးသတ်မှာ စောင့်အော်လိုက်တာမို့ တိတ်တဆိတ်ဝင်လာတဲ့ရိပေါ်ကိုယ်လေးတုန်တတ်သွားရတယ်...။
ခုမှ ၁၁နာရီကျော်ကျော်လေးပဲရှိသေးတာကိုပဲ။
"ဆိုင်ကယ်ကွင်းက..."
ရိပေါ်ကလဲ အဖေတူသားမို့စကားက ခပ်ပြတ်ပြတ်ပြင်....။
"မင်းဘယ်အချိန်မှ လိမ္မာမှာလဲ သား...။ခုပဲ ပထမနှစ်ပြီးတော့မယ် ငယ်တော့တာမဟုတ်ဘူးနော်...။အဲ့ဆိုင်ကယ်တရားမဝင်တွေလဲ အန္တရာယ်များတာ မင်းသိရဲ့သားနဲ့..."
"ဟုတ်ပါတယ် တိတိရယ် အဲ့တာတွေမလုပ်ပါနဲ့လားကွာ..."
"ခင်များပါးစပ်ပိတ်ထား...!!! သူများသားအဖကြားထဲဝင်မပါနဲ့ ကိုယ့်နေရာနဲ့ကိုယ်နေ...။ ငါ့ဘာသာဘာလုပ်လုပ်မင်း စောက်ပူမပါဘူး..."
"မင်းအကြီးကို ဘယ်လိုတွေရိုင်းစိုင်းနေတာလဲ ဝမ်ရိပေါ်...။ ခုပြန်တောင်းပန်စမ်းအကို ကို..."
သားအဖနှစ်ယောက်စကားဝိုင်းထဲ အမြင်မတော်လို့ ဝင်ပါမိတဲ့ ရှောင်ကျန့်က ခုမှသူ့ကြောင့်ပိုဆိုးသွားသလိုပင်....။
မရည်ရွယ်ပါဘူး တိတိရယ်....."ကျနော့်မှာ အကိုမရှိသလို တောင်းလဲမတောင်းပန်နိုင်ဘူး ပါး...။ နောက်ပြီး ကျနော်ဝါသနာပါတာ ကျနော်ကြိုက်တာကျနော်လုပ်မယ် ပါးမတားပါနဲ့...။ ပါးတုန်းကလဲ ကျနော်တားတဲ့အရာကို လုပ်ဖြစ်အောင်လုပ်ခဲ့သေးတာပဲ...။ဟက် ကျနော်ကအဖေတူသားမို့....။"
ပြောကာ အိမ်ပေါ်ထပ်သူ့အခန်းကို ဒုန်းဆိုင်းတတ်သွားတဲ့ သားဖြစ်သူကြောင့် ဝမ်သခင်ကြီး သက်ပြင်းမောကြီးချလိုက်မိသလို ရှောင်ကျန့်မှာလဲ သက်ပြင်းချရုံကလွဲ၍....
ဝမ်ရိပေါ်ဆိုသည်မှာ WX Fashion company ကြီးရဲ့ တစ်ဦးတည်းသောသားရတနာလေးပင်...။
ကြီးကျိတတ်ချမ်းသာပြီးလိုလေသေးမရှိတဲ့ဘဝလို့ထင်ကြပေမဲ့ တစ်ကယ်တမ်းတော့ စိတ်ဒဏ်ရာတွေရှိနေတဲ့ အသက်၂၀အရွယ်ကောင်ငယ်လေးပါပဲ....
သူ့အသက်၁၀နှစ်အရွယ်မှာ မိခင်ဖြစ်သူက ဖခင်ဖြစ်သူနဲ့ကွာရှင်းကာ သားဖြစ်သူကိုတစ်စက်လေးမှပင်လှည့်မကြည့်ခဲ့ပဲ နောက်ယောက်ကျားယူပြီး ဘယ်ဆီဘယ်ဝယ်ရောက်ရှိသွားမှန်းမသိ။ အဲ့အချိန်ပြီးတော့ ပါပါးက သူ့ကို အရင်ကထက်ပိုချစ်ပေးတယ် ပိုဂရုစိုက်တယ် ဖူးဖူးမုတ်ထားခဲ့တယ်....။

YOU ARE READING
သိပ်ချစ်မိ၍......(Complete )
FanfictionXiao Zhan သိပ်ချစ်မိတာအမှားဆိုရင် အဲ့အမှားကိုကိုယ်ပျော်ပျော်ကြီးပိုက်ထွေးထားမှာပါ တိတိရယ်....။ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့တိတိရင်ထဲကို ကိုယ်ကအချစ်တွေဖြည့်ပေးချင်ပါသော်လည်း....... Yibo မုန်းတယ်...သိပ်မုန်းတယ်...။ ငါ့ဘဝတစ်ခုလုံးကို ယောက်ကျားချင်းက...