Part (20)

3.4K 197 5
                                    

"ကလေး... ခေါင်းလေးမော့ပါဦး။"

"ဟင့်အင်း..."

"ဟက်....အာ့ဆို ဒီလိုပဲနေတော့မှာလား ဟင်...။"

ကဲ ဒါကတော့ ချစ်တင်းနှောမူ့အပြီးမှာ ရှောင်ကျန့်ရင်ခွင်ထဲကနေ ခေါင်းမထွက်လာတော့တဲ့ ရိပေါ်အား ရှောင်ကျန့်ကအသဲတယားယား ချော့မော့ထုတ်နေခြင်းပင်....

တစ်ကိုယ်လုံးရဲဆွေးကာရှက်နေပါသော ကလေးငယ်အား တိုးဖက်ကာ ခေါင်းလုံးလေးကိုသာ နမ်းရိူက်နေလိုက်တယ်....

"ဟင်... ကိုကို ငိုနေတာလား..."

နွေးထွေးတဲ့ရင်ခွင်ကျယ်ကြီးထဲနစ်သထက်နစ်မြုပ်နေတဲ့ရိပေါ်က ခေါင်းပေါ်မှာ ခံစားမိတဲ့ရေစက်တွေကြောင့် အလန့်တကြားမော့ကြည့်မိတော့ မျက်ရည်များနဲ့ကိုကိုရယ်ပါ....

"ကလေး...ဟင့်...."

"ဘာ....ဘာဖြစ်လို့လဲ ကိုကိုရယ် ကျနော့်ကိုပြောပြပါလား..."

ရှက်စိတ်တွေပျောက်ကာ ထထိုင်ပြီး ဒူးထောက်လျက် ကိုကို့မျက်ရည်တွေကိုပွတ်သုတ်ပေးတော့ ခပ်ရေးရေးပြုံးကာ ရိပေါ်ခါးကိုဆွဲဖက်လာတဲ့ကိုကိုက ရိပေါ်ပုခုံးပေါ်မျက်နှာအပ်ထားတော့တယ်။

ကိုကို့ရဲ့ရှပ်အမဲရောင်အပွကြီးဝတ်ထားတဲ့ရိပေါ်က ပေါင်လယ်လောက်သာရှိတဲ့ရှပ်ကြောင့် ပေါင်တံကနေခြေဖျားထိကဖွေးရွနုဖတ်နေသလို ကိုက်ရာအချို့ကလဲ နီရဲလှပစွာပနံသင့်လို့ပဲ...

"ကိုယ် အရမ်းပျော်လို့ပါ။ ဒီတစ်သက်မှာ ကလေးဆီက ချစ်တယ်ဆိုတဲ့စကားမကြားရတော့ဘူးထင်ခဲ့တာ...။"

"သြော် ကိုကိုရယ် အဲ့လောက်ထိပဲ ရိပေါ်ကြောင့် ကိုကိုနာကြင်ခဲ့ရသလား။ ရိပေါ်ကတော်တော်ဆိုးမိတာပဲ...။ "

ကိုကို့မျက်နှာကို လက်နှစ်ဖက်နဲ့ဆွဲယူကာ နဖူးပြင်ထက် အနမ်းခြွေရင်း ရိပေါ် စတွေ့ကတည်းကသိပ်ချစ်ခဲ့ရကြောင်းတွေကို ဂရုတစိုက်ပြောပြလို့ ကိုကိုစိတ်တွေငြိမ်းအေးစေတယ်။

ကလေးသဖွယ်ငိုကာ ရိပေါ်ပြောပြတာတွေနားထောင်နေတဲ့ကိုကိုက ရိပေါ်ရဲ့သိပ်ချစ်တာပဲဆိုတဲ့ အဆုံးသတ်စကားမှာ အသံတွေထွက်သည်ထိရိူက်ပါတယ်။

သိပ်ချစ်မိ၍......(Complete )Where stories live. Discover now